EPL: မက်ဆီ ဘာစီလိုနာအသင်းက ထွက်ခဲ့လျှင် မန်စီးတီးနှင့် ပြိုင်ပြီး ခေါ်ရန်ခက်မည်ကို မန်ယူစိုးရိမ်

မက်ဆီက လက်ရှိမှာ ဘာစီလိုနာအသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားပါသေးတယ်။

play

 

မက်ဆီအနေနဲ့ ဘာစီလိုနာက ထွက်ခွာပြီး အသင်းပြောင်းခဲ့မယ်ဆိုရင် မန်ယူအသင်းအနေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ယှဉ်ပြီး ခေါ်ယူဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ အသင်းဘက်က ဝန်ခံပြောကြားလိုက်ပါတယ်။

မက်ဆီသာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့နည်းပြဟောင်းရှိနေတဲ့ မန်စီးတီးကိုပဲ ရောက်လာဖို့ များတယ်လို့ မန်ယူအသင်း အကြီးတန်းအရာရှိတစ်ဦးရဲ့ သုံးသပ်ချက်ကို ကိုးကားပြီး The Sun သတင်းစာက ဖော်ပြထားပါတယ်။ မန်စီးတီးဟာ ဂွါဒီယိုလာ ရှိနေတဲ့အပြင်၊ ဘာစီလိုနာအသင်း အကြီးတန်းအရာရှိဟောင်းတွေဖြစ်တဲ့ ဘီဂရီစတိုင်း၊ ဆိုရီယာနိုတို့လည်း ရှိနေတာကြောင့် မက်ဆီကိုခေါ်ယူဖို့ မန်ယူထက် အားသာချက်ရှိနေတာဖြစ်တယ်လို့ မန်ယူအသင်းဘက်က သုံးသပ်ထားတာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ မန်ယူအသင်းကလည်း မက်ဆီလို ကစားသမားမျိုးကို အခွင့်အရေးရမယ်ဆိုရင် အားရဝမ်းသာကြိုဆို ခေါ်ယူချင်တယ်လို့ အထက်ပါ မန်ယူအသင်း အကြီးတန်းအရာရှိက ဆိုပါတယ်။ မက်ဆီရဲ့ အဓိက အားကစားစပွန်ဆာ ကုမ္ပဏီဟာ Adidas ဖြစ်ပြီး မန်ယူအသင်းရဲ့ အဓိက ဂျာစီစပွန်ဆာကလည်း Adidas ဖြစ်တာကြောင့် အဲဒီတူညီမှုက အားသာချက်ဖြစ်နေမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စပိန်က လာတဲ့သတင်းတွေအရ ဘာစလိုနာအသင်း စာချုပ်သစ် ကမ်းလှမ်းမှုကို မက်ဆီဘက်က လက်မခံသေးဘူးလို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် မက်ဆီဘက်က ဆက်မချုပ်တော့ဘူးဆိုရင် နောက်နှစ်နှစ်ကြာတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

ှSource : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ