EPL: အင်္ဂလန်မှာ နည်းပြအဖြစ် မကြာခင် မြင်တွေ့ရတော့မယ် စတီဗင်ဂျရတ်

ဂျရတ်ကို နည်းပြခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်း သုံးသင်းလောက် ရှိပါတယ်။

play

 

လီဗာပူးသင်းကစားသမားဟောင်း စတီဗင်ဂျရတ်ကို မကြာခင် ရက်ပိုင်းအတွင်းမှာ ဘောလုံးအသင်းနည်းပြတစ်ယောက်အဖြစ် မြင်တွေ့ရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

လာမယ့်ဒီဇင်ဘာလထဲမှာ စတီဗင်ဂျရတ်နဲ့ အလ်အေဂလက်စီအသင်းတို့ရဲ့ စာချုပ် ကုန်ဆုံးတော့မှာဖြစ်ပြီး ဂျရတ်က ကစားသမားဘဝကနေ မန်နေဂျာဘဝကို စတင်ကူးပြောင်းတော့မှာဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန်တတိယတန်း အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေတဲ့ အမ်ကေဒွန်းအသင်းက စတီဗင်ဂျရတ်ကို လစ်လပ်နေတဲ့ နည်းပြနေရာ ခန့်အပ်ဖို့ ဆက်သွယ်ဆွေးနွေးနေကြောင်း သိရပါတယ်။

play

 

စတီဗင်ဂျရတ်ကိုယ်တိုင်ကလည်း အမ်ကေဒွန်းအသင်းရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းလာမှုကို မငြင်းပယ်နိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်း လက်ရွေးစင်ဟောင်း စတီဗင်ဂျရတ်က လီဗာပူးအသင်းနည်းပြအဖွဲ့ဝင်ဖြစ်လာဖို့ အခွင့်အရေး ရှိနေပေမဲ့ အမ်ကေဒွန်းအသင်းမှာ မန်နေဂျာဖြစ်လာမယ့် အခွင့်အရေးကိုလည်း လက်မလွှတ်ဘဲ လက်ခံဆွေးနွေးနေတာဖြစ်ပါတယ်။

အမ်ကေဒွန်း အသင်းက တတိယတန်း အမှတ်ပေးပြိုင်ပွဲမှာ တန်းဆင်းဇုန်ထဲ ရောက်ရှိနေပြီး လွန်ခဲ့တဲ့ အောက်တိုဘာလမှာ နည်းပြ ခါးလ်ရော်ဘင်ဆင်ကို ထုတ်ပယ်ပြီး နည်းပြသစ် ရှာဖွေနေတဲ့ အသင်းပါ။ နည်းပြဘဝထဲ ဝင်ရောက်တော့မယ့် စတီဗင် ဂျရတ်ကို နယူးကာဆယ်နဲ့ ဆဲလ်တစ်အသင်းတို့ကလည်း နည်းပြခန့်ဖို့ စိတ်ဝင်စားနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ