AD
AD
AD
play

 

အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် မန်ယူအသင်းကို လေ့ကျင့်ခန်းဆင်းဖို့ ရောက်လာတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကန်ဒေါ်လာ ခုနှစ်သောင်းကျော်တန် မာစီဒီးဇိမ်းခံကားကို ကိုယ်တိုင်မောင်းနှင်လာခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်း အာဆင်နယ်ကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ပါဝင်လာဖို့ ရှိပါတယ်။

play

 

အင်္ဂလန်အသင်းနဲ့ ခြေစစ်ပွဲတွေ ကစားခဲ့ပြီးနောက် မန်ယူအသင်းကို ပထမဆုံး ပြန်ရောက်လာတဲ့နေ့မှာ ရက်ရှ်ဖို့ဒ်က ဒီဇိမ်ခံကားကို ထုတ်စီးလာခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဇိမ်ခံမာစီဒီး ကားဟာ AMG C 63 Saloon အမျိုးအစားဖြစ်ပြီး ၄.၁၅ စက္ကန့်အတွင်း တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းရောက်အောင် စွမ်းဆောင်နိုင်ပါတယ်။ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ရှစ်ဂိုးသွင်းယူခဲ့ပြီး အခုလက်ရှိ ပရီးမီးယားလိဂ်မှာလည်း သုံးပွဲဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

စနေနေ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်း အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့်-၄ နေရာက အာဆင်နယ်အသင်းနဲ့ သုံးမှတ်အကွာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ပြီးရင်တော့ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ကြားရက်အတွင်း  ယူရိုပါလိဂ်ပွဲစဉ် သွားကစားရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD