EPL: မန်ယူ - အာဆင်နယ်ပွဲစဉ်ကို အဆုံးအဖြတ်ပေးမယ့် အချက် (၅) ချက်

မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါတို့ရဲ့ မပြေလည်တဲ့ အခြေအနေက ဒီပွဲကိုပိုပြီး အသက်ဝင်လာစေပါတယ်။

play

 

ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ဆိုနိုင်တဲ့ မန်ယူ - အာဆင်နယ်ပွဲစဉ်ကို ဒီတစ်ပတ် ပရိသတ်တွေ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ ဖာဂူဆန် လက်ထက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနဲ့တုန်းကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ် ဆိုပေမယ့် နည်းပြနှစ်ဦးကတော့ မိတ်ဆွေသဘောမျိုး ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။

မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးရဲ့ မပြေလည်တဲ့ ဆက်ဆံရေးကြောင့် ဒီပွဲဟာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပွဲကို အဆုံးအဖြတ်ပေးမယ့် အဓိက အချက် (၅) ချက်ရှိပါတယ်။

၁။ အီဗရာဟီမိုဗစ်ခ်ျ

play

 

အီဗရာဟီမိုဗစ်ခ်ျက ပွဲပယ်ခံရထားရလို့ ဒီပွဲမပါနိုင်ပါဘူး။ သူ့ရဲ့နေရာမှာ အဓိက ဂိုးရဖို့ ရက်ရှ်ဖို့ဒ်တာဝန်ယူမလား မာရှယ်တာဝန်ယူမလား စောင့်ကြည့်ရမှာပါ။ နှစ်ဦးလုံးပွဲထုတ်မယ်ဆိုရင်တော့ မာရှယ်က တောင်ပံထွက်ကစားရဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က  အာဆင်နယ်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ပဲ အီဗရာဟီမိုဗစ်ခ်ျနရဲ့ နံပတ်-၉ တိုက်စစ်မှူးနေရာ ယူဖွယ်ရှိပါတယ်။

၂။ ဘယ်သူ နံပတ်-၁၀ လဲ

play

 

တိုက်စစ်အနောက်မှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ရွန်နေးကို ထားမလား ပေါ့ဂ်ဘာကို ထားမလား မော်ရင်ဟို ရွေးချယ်ရမှာပါ။ ပေါ့ဂ်ဘာက ပိုသင့်တော်တယ်လို့ ထင်စရာရှိပေမယ့် ရွန်နေးကလည်း အာဆင်နယ်နဲ့ ပတ်သတ်လာရင် စံချိန်ကောင်းရှိတဲ့ ကစားသမားပါ။

၃။ အရေးကြီးတဲ့ ဘယ်နောက်ခံ နေရာ

မန်ယူအသင်းမှာ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ခြေစွမ်းတည်ငြိမ်တဲ့ ညာနောက်ခံ ကစားသမားနေရာပါ။ ပုံမှန်ဆို လုခ်ရှောရှိပေမယ့် မော်ရင်ဟိုဟာ ဒီကစားသမားကို ယုံကြည်ပုံမရပါဘူး။ ချယ်လ်ဆီးကို အရှက်တကွဲ ရှုံးတုန်းကလည်း ဒါလေဘလင်းဟာ ညာနောက်ခံ နေရာကနေ အမှားများစွာ လုပ်ခဲ့ဖူးသူပါ။ ရိုဟိုနဲ့ ဒါမီယန်ထဲက တစ်ဦးဦး ဒီနေရာကို ဝင်လာနိုင်ပါတယ်။

၎။ ဘယ်လာရင် မရှိတဲ့ အာဆင်နယ်

play

 

ဘယ်လာရင်ဟာ ဒဏ်ရာကြောင့် ဒီပွဲမပါနိုင်ပါဘူး။ ဒီတော့ ဘယ်လာရင်ရဲ့ ညာနောက် ခံနေရာ အစားထိုးဖို့ အာစင်ဝင်းဂါး စဉ်းစားရမှာပါ။ မူစတာဖီကို ညာဘက်ရွှေ့ကစားခိုင်းလို့ရပေမယ့် နောက်ထပ် ယန်ကင်ဆန်လည်း ညာခြမ်းမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီကစားသမားတွေ ဘယ်လာရင်လို စိတ်ချရမလားဆိုတာတော့ ပွဲမှာ အဖြေပေါ်မှာပါ။

၅။ ဆန်းချက်ဇ်အခြေအနေ

play

 

ဆန်းချက်ဇ်ဟာ ချီလီအသင်းနဲ့ပွဲစဉ်မှာတော့ ပွဲထွက်ပြီး ဂိုးတောင်သွင်းယူနိုင်ခဲ့ပါသေတးယ်။ ကြံ့ခိုင်မှု မပြည့်သေးတဲ့ ဆန်းချက်ဇ်ကို အသုံးပြုခဲ့တဲ့ ချီလီလက်ရွေးစင်ကိုတော့ အာစင်ဝင်းဂါး စိတ်တိုနေပုံပါ။ ဆန်းချက်ဇ်ကိုပဲ တိုက်စစ်မြှားဦးမှာ ထားမလား၊ ဂျီရုဒ်ကိုပဲ ပွဲထုတ်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဒါကလည်းပွဲကိုအဖြေထွက်နိုင်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။

Source : Metro

မန်ယူ - အာဆင်နယ် ပွဲကို ဘယ်လိုခန့်မှန်းလဲ»

  • 58,8% မန်ယူ နိုင်မယ်
  • 30,9% အာဆင်နယ် နိုင်မယ်
  • 10,3% သရေကျမယ်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ