EPL: ၂၀၀၃ ခုနှစ် မန်ယူ - အာဆင်နယ်ပွဲစဉ်မှ အမှတ်ရဖွယ် အဖြစ်အပျက် (၄) ခု

၂၀၀၃ ခုနှစ်တုန်က မန်ယူနဲ့ အာဆင်နယ် ရန်ပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ပရိသတ်တွေ မေ့နေနိုင်ဖွယ် ရှိတဲ့ အချက် (၄) ချက်ဖြစ်ပါတယ်။

play

 

ပရိသတ် မေ့မရနိုင်ဖြစ်ရတဲ့ နာမည်ကျော် အဖြစ်အပျက်မျိုးစုံ၊ ရန်ပွဲမျိုးစုံကို အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပြိုင်ဆိုင်မှု သမိုင်းတစ်လျှောက်မှာတွေ့နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက မန်ယူနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်ဟာ ရန်ပွဲအသွင်ဆောင်ခဲ့ပြီး အကျည်းတန် အဖြစ်အပျက်တွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

အဲဒီပွဲစဉ်က အဖြစ်အပျက်တွေထဲက ပရိသတ်တွေ မေ့နေနိုင်တဲ့ အဖြစ်အပျက်တစ်ချို့ကို ဒီနေ့ မန်ယူ - အာဆင်နယ်ပွဲ မတိုင်ခင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ပွဲမစခင် ခြောက်ပတ်အလိုက စတင်ခဲ့

play

 

သမိုင်းတွင်သွားစေတဲ့ ၂၀၀၃ ခုနှစ်ပွဲစဉ်မတိုင်ခင် ခြောက်ပတ်အလိုကတည်းက ဒီနှစ်သင်းဟာ ရန်ပုံငွေဒိုင်းပြိုင်ပွဲမှာတွေ့ဆုံခဲ့ကြပါတယ်။ နဗီးလ်နဲ့ အက်ရှ်လေကိုးက ပွဲစပြီး နှစ်မိနစ်အကြာမှာတင် အဝါကတ် ပြခံခဲ့ရသလို အာဆင်နယ်ဘက်က လူစားဝင်လာတဲ့ ဂျက်ဖာဟာလည်း ၁၂ မိနစ်သာ ကစားပြီး အနီကတ်ပြခံလိုက်ရပါတယ်။ အဲဒီပွဲအပြီး အာဆင်နယ်နောက်ခံလူ ဆိုးလ်ကင်းဘဲလ်က ဒဏ်ငွေပေါင် နှစ်သောင်း ဆောင်လိုက်ရပြန်ပါတယ်။

၂။ ဂရုမစိုက်တဲ့ နစ္စတယ်ရွိုင်း

play

 

အဲဒီတုန်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ နစ္စတယ်ရွိုင်းက ပင်နယ်တီလွဲခဲ့သူပါ။ သူဟာ မာတင်ကီယွန်နဲ့လည်း အချင်းများခဲ့ပါသေးတယ်။ အခုထိတိုင် အဲဒီတုန်းက အဖြစ်အပျက်မှာ သူဘာလုပ်ခဲ့သလဲ မမှတ်မိဘူးလို့ နစ္စတယ်ရွိုင်းကဆိုပါတယ်။ သူဟာပင်နယ်တီမဝင်လို့ စိတ်ပျက်နေခဲ့တာဖြစ်ပြီး အာဆင်နယ်ကစားသမားတွေကို ဂရုတောင် မစိုက်ခဲ့ဘူးလို့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။

၃။ စံချိန်တင် ဒဏ်ကြေး

play

 

အဲဒီတုန်းက အာဆင်နယ်အသင်းဟာ အားကစားပွဲကို အရုပ်ဆိုးအကျည်းတန်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပေါင်တစ်သိန်း ခုနှစ်သောင်း ပေးဖို့ အက်ဖ်အေက ချမှတ်ခဲ့ပါတယ်။ ဒါဟာ အများဆုံး ဒဏ်ကြေးပမာဏပါ။ အဲဒီဒဏ်ကြေးကို ပြီးခဲ့တဲ့ နှစ်က ချယ်လ်ဆီးနဲ့ စပါးတို့အသင်း ရန်ပွဲကြောင့် ပေးခဲ့ရတဲ့  ဒဏ်ကြေးပမာဏက ကျော်လွန်သွားခဲ့ပါတယ်။

၎။ လိမ္မာသွားတဲ့ အာဆင်နယ်

play

 

အဲဒီပွဲစဉ်အပြီှးမှာ အာဆင်နယ်အသင်း ကစားသမားတွေအပေါ် ဥပဒေပ ကစားတာမျိုး အတော်နည်းပါးသွားပါတယ်။ စာရင်းမှတ်တမ်းတွေအရ ဒီပွဲအပြီး နောက်ထပ်နှစ်လအထိ အာဆင်နယ်အသင်း ကစားသမားတစ်ဦးမှ အနီကတ်ပြခံရတာ မရှိတော့ဘူးလို့ သိရပါတယ်။ အဲဒီနှစ်ဟာ အာဆင်နယ် ရှုံးပွဲမရှိ စံချိန်တင်တဲ့နှစ်ပါ။

Source : Mirror

title
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ