EPL: ဒေါ်လာ တစ်သိန်းလေးသောင်းတန် ကားအသစ်ဝယ်လိုက်တဲ့ ပေါ့ဂ်ဘာ

မန်ယူအသင်းလေ့ကျင့်ရေးကွင်းကို ကားအသစ် ကိုယ်တိုင်မောင်းပြီး ရောက်လာခဲ့တာပါ။

play

 

မန်ယူအသင်း ကစားသမားပေါ့ဂ်ဘာဟာ  မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ မာစီဒီးအမှတ်တံဆိပ် ကားအသစ်တစ်စီး ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

play

 

ပေါ့ဂ်ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားပြီးနောက် ကလပ်အသင်းကို ပြန်ရောက်လာချိန်မှာ သူ့ရဲ့ကားအသစ်ကို ကိုယ်တိုင်မောင်းပြီးထုတ်စီးလာခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာ အသစ်ဝယ်ယူထားတဲ့ မာစီးဒီးအမှတ်တံဆိပ် GLS 4x4 မော်ဒယ်ဟာ စတာလင်ပေါင် တစ်သိန်းနှစ်သောင်းလောက် တန်ကြေးရှိတယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ပေါ့ဂ်ဘာဟာ သူ့ရဲ့ကားဆရာနဲ့ မန်ယူအသင်းလေ့ကျင့်ရေးကွင်းကို ရောက်လာလေ့ရှိပေမယ့် အခုကားအသစ်ကိုတော့ ကိုယ်တိုင် မောင်းနှင်လာတာ တွေ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန်ယူအသင်းလူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဒေါ်လာ ခုနှစ်သောင်းကျော်တန်ကားအသစ်ကို စီးနင်းပြီး လေ့ကျင့်ရေးကွင်းရောက်လာတွေ့ရပါတယ်။

မန်ယူအသင်းကို ရောက်လာပြီးကတည်းက ပေါ့ဂ်ဘာဟာ ကားကိုယ်တိုင်မမောင်းပဲ ကားဆရာနဲ့သာ စီးနင်းခဲ့ပေမယ့် အခု လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် ကိုယ်တိုင်မောင်းလာတာဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ ပေါ့ဂ်ဘာ အင်္ဂလန်ရောက်တာ သုံးလရှိပြီဖြစ်လို့ ကားကိုယ်တိုင်မောင်းသင့်တဲ့ အချိန်ရောက်ပြီလို့ ပြောကြပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ