EPL: ဂျီရုဒ်ရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့် အာဆင်နယ် မန်ယူထံက သရေတစ်မှတ်ရ

ပွဲပြီးခါနီးမှာ ဂျီရုဒ်က ချေပဂိုးသွင်းပေးခဲ့တာပါ။

play

 

အာဆင်နယ်အသင်းဟာ အိုးထရက်ဖို့ဒ်ကိုလာပြီး မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီရုဒ်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးနဲ့ သရေတစ်မှတ်ရရှိသွားခဲ့ပါတယ်။

မန်ယူအသင်းက တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်ကို အထောင်ထားပြီး မာရှယ်၊ ပေါ့ဂ်ဘာ၊ မာတတို့ကိုပွဲထုတ်ခဲ့ပေမယ့် ရွန်နေးကိုတော့ အရန်စာရင်းသာ ထည့်ထားခဲ့ပါတယ်။ ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ သတင်းထွက်နေတဲ့ ဆန်းချက်ဇ်ကို အာဆင်နယ်က တိုက်စစ်မြှားဦးမှာ ထားပြီး ကစားခဲ့တာပါ။

play

 

၁၆ မိနစ်မှာမလိုအပ်ပဲ အဖျက်ကြမ်းခဲ့တဲ့အတွက် ဆန်းချက်ဇ် အဝါကတ်ပြခံခဲ့ရပါတယ်။ ၃၄ မိနစ်မှာ မန်ယူကစားသမား ဗလန်စီယာကို မွန်ရီရဲလ် ဂိုးဧရိယာထဲမှာ ဥပဒေပ ကစားခဲ့တဲ့ဆိုပြီး မန်ယူအသင်းဘက်က ပင်နယ်တီတောင်းပေမယ့် ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။ ၃၆ မိနစ်မှာ မာတာနဲ့ မာရှယ်ရဲ့ တွဲလုံးကတဆင့် အပိုင်ကန်သွင်းချက်ကို အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

play

 

ပထမပိုင်း ပြီးခါနီးမှာလည်း ဂိုးသမားပီတာဆက်ခ်ျ လက်စွမ်းပြနေခဲ့လို့သာ အာဆင်နယ် စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်း ၆၃ မိနစ်မှာ မာရှယ်နဲ့ ဒါမီယန်တို့အစား ရွန်နေးနဲ့ ဘလင်း ဝင်ရောက်လာပါတယ်။ ၆၈ မိနစ်မှာတော့ လိုအပ်တဲ့ အဖွင့်ဂိုးကို မန်ယူအသင်း ရရှိခဲ့တာပါ။

play

 

ပေါ့ဂ်ဘာ ထိုးပေးလိုက်တဲ့ဘောလုံးကို ဟာရဲယားက နောက်ကိုပြန်ချပေးရာမှာ မာတာက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဂိုးရခဲ့ပေမယ့် မန်ယူအသင်းက ထပ်မံဖိအားပေး ကစားခဲ့တဲ့အတွက် အာဆင်နယ် အခက်တွေ့ခဲ့ပါတယ်။

play

 

ဒါပေမယ့် ပွဲပြီးခါနီး ၈၉ မိနစ်မှာ လိုအပ်တဲ့ ချေပဂိုးကို အာဆင်နယ်မမျှော်လင့်ပဲ ရရှိသွားပါတယ်။ ချိန်ဘာလိန်က ရက်ရှ်ဖို့ဒ်ကို ခြေယောင်ပြ ကျော်ဖြတ်ပြီး ဂိုးရှေ့ဖြတ်တင်ဘောလုံး ဘောလုံးကို ဂျီရုဒ်က ခေါင်းတိုက်သွင်းယူလိုက်တာပါ။ ပွဲပြီးခါနီးမှာ ရွန်နေးနဲ့ ရှာခါ အဝါကတ်ပြခံခဲ့ရပါသေးတယ်။

play

Source : Falshscore/ Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ