EPL: အမျိုးသမီးများနားကပ်ရန် ကြိုးစားခဲ့သည့် ရွန်နေးကို အမျိုးသားတစ်ဦးက ထိုးကြိတ်ရန် ကြိုးပမ်းခဲ့ဟုဆို

အင်္ဂလန်အသင်းလေ့ကျင့်ရေးကွင်းကထွက်ပြီး တစ်ညလုံးအရက်သောက်ခဲ့တဲ့ ရွန်နေးရဲ့ဖြစ်ရပ်နောက်တစ်ခု ပေါ်ပေါက်လာတာပါ။

play

 

အင်္ဂလန်အသင်းနဲ့  နိုင်ငံတကာပွဲစဉ်တွေ ကစားနေခဲ့တဲ့အချိန်အတွင်း မင်္ဂလာဆောင်ပါတီတစ်ခုကို ညလုံးပေါက် သွားရောက်ပြီး အရက်သောက်ခဲ့တဲ့ ရွန်နေးရဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။

ခင်ပွန်းတွေနဲ့အတူ ပါတီပွဲတက်လာတဲ့ အမျိုးသမီးတွေအနား သွားရောက်ကာ မိတ်ဖွဲ့ဖို့ ကြိုးစားခဲ့တဲ့ ရွန်နေးကို ခင်ပွန်းသည် တစ်ဦးက ထိုးကြိတ်ဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းကစားသမားရွန်နေးနဲ့ အင်္ဂလန်အသင်းဖော် ဂျာဂျီရယ်ကာတို့ဟာ ဟိုတယ်အတွင်းက မင်္ဂလာဆောင်ပါတီကိုမသွားခင် အရက်ဘားမှာ သောက်စားခဲ့သေးကြောင်း သိရပါတယ်။ ည ၁၁ နာရီခန့်မှာ သူတို့နှစ်ဦးကို အက်ဖ်အေတာဝန်ရှိသူတစ်ဦးက လာရောက်ခေါ်ဆောင်သွားပေမယ့် ညဉ့်နက်တဲ့အချိန်မှာ သူတို့နှစ်ဦးဟာ အဆိုပါ ပါတီပွဲကို ပြန်ရောက်လာခဲ့ကြကြောင်း သိရပါတယ်။

play

 

ရွန်နေးဟာ အမူးလွန်နေခဲ့ပြီး " သောက်သီချင်းကို ကျယ်ကျယ်ဖွင့်စမ်းပါကွ" ဆိုပြီး ဒီဂျေသမားကို အော်ဟစ်ခဲ့သေးကြောင်း သိရပါတယ်။ အမျိုးသမီး ပရိသတ်နှစ်ဦးနဲ့ ရွန်နေးစကားပြောနေတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာခဲ့ပါသေးတယ်။ " သူက တစ်ချိန်လုံး ခုန်ပေါက်နေတော့တာပဲ။ နောက်တော့ ခင်ပွန်းတွေနဲ့အတူလာတဲ့ အမျိုးသမီးတွေနားသွားပြီး စကားပြောဖို့လုပ်ပေမယ့် အမျိုးသမီးတွေက သူ့ကို ပြန်ထွက်သွားစေချင်နေကြပုံပါ။ အမျိုးသားတစ်ယောက်ကတော့ ရွန်နေးကို ထိုးဖို့အထိ လုပ်ခဲ့ပါတယ်" လို့ အဲဒီပါတီပွဲမှာ ရှိနေသူတစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။

play

 

သတင်းတွေအရ ရွန်နေးဟာ အင်္ဂလန်အသင်း လေ့ကျင့်ရေးကွင်းကို တနင်္ဂနွေမနက်မှာ ပြန်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ှSource : The Sun

မင်္ဂလာဆောင်ပါတီကို မဖိတ်ဘဲသွားပြီး မိုးလင်းအထိ ထိုင်သောက်ခဲ့သည့် ရွန်နေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ