EPL: ဒီတစ်ပတ် ပရီးမီးလိဂ် အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်း

အာဆင်နယ် ကစားသမား တစ်ဦးမှ မပါဝင်ခဲ့ပါဘူး။

play

 

ခြောက်ပွဲဆက်တိုက် နိုင်ပွဲနဲ့အတူ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး အကောင်းဆုံး ကစားသမား ၁၁ ဦးကို အခုလို ရွေးချယ်ထားပါတယ်။

၁။ ကော့တွစ် (ချယ်လ်ဆီး)

play

 

မစ်ဒယ်ဘရော့နဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက် ကန်သွင်းတဲ့ အပိုင်ကန်သွင်းချက် နှစ်လုံးကိုသာ ကော့တွစ်ကာကွယ်ခဲ့ရတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက အခက်အခဲတွေကို မေ့ပျောက်ဖို့ ဒီရာသီမှာ ကော့တွစ်ရဲ့ လက်စွမ်းက အကောင်းဆုံးဖြစ်နေတယ်ဆိုတာ ဒီပွဲက သက်သေထပ်ပြခဲ့ပါတယ်။

၂။ ကိုးလ်မင်း ( အဲဗာတန်)

အသင်းအတွက် အရေးပါတဲ့ သရေတစ်မှတ်ရဖို့ နောက်ခံကစားသမား ကိုးလ်မန်းက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

၃။ ဗန်ဒစ်ဂ်ျ (ဆောက်သမ်တန်)

လီဗာပူးအသင်းကို အမှတ်ဆုံးရှုံးစေခဲ့တဲ့ ကစားသမားက ဆောက်သမ်တန်နောက်ခံကစားသမား ဗန်ဒစ်ဂ်ျဖြစ်ပါတယ်။ သရေပွဲမှာဗန်ဒစ်ဂ်ျက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

၎။ ဒေးဗစ်လုဇ် (ချယ်လ်ဆီး)

play

 

မစ်ဒယ်ဘရော့နဲ့ ပွဲစဉ်မှာ ဒေးဗစ်လုဇ်ရဲ့ တစ်ဦးချင်းစွမ်းရည် ကောင်းမွန်ခဲ့ပြီး ခေါင်းတိုက်မှု၊ ဖျက်ထုတ်မှု စတာတွေဟာ တိကျ သချာခဲ့ပါတယ်။

၅။ နေသန်အေ့ခ် (ဘုန်းမောက်သ်)

ချယ်လ်ဆီးအငှားချထားတဲ့ နေသန်အေ့ခ်ရဲ့ ခြေစွမ်းကြောင့် စတုတ်စီးတီးနဲ့ ပွဲစဉ်မှာ ဘုန်းမောက်ဟာ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုးကို အေ့ခ်က သွင်းယူခဲ့တာပါ။

၆။ မားကို့စ် အလွန်ဆို (ချယ်လ်ဆီး)

မစ်ဒယ်ဘရော့နဲ့ပွဲမှာ အလွန်ဆိုရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါ။ မစ်ဒယ်ဘရော့ဂိုးပေါက်ကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမားက အလွန်ဆို ဖြစ်ခဲ့တာပါ။

၇။ ယာယာတိုယေး (မန်စီးတီး)

play

 

ယာယာတိုယေးရဲ့ခြေစွမ်းဟာ အခုထိ သံသယဖြစ်စရာ မလိုသေးပါဘူး။ အသင်းအတွက် နှစ်ဂိုးလုံးကို ယာယာတိုယေးက သွင်းယူခဲ့တာပါ။

၈။ မာတာ (မန်ယူ)

မာတာရဲ့ ဦးဆောင်ဂိုးကြောင့် အာဆင်နယ်က မန်ယူအသင်းထံက သရေတစ်မှတ်ရဖို့ နောက်ဆုံးမိနစ်အထိ အားထုတ်ခဲ့ရ တာဖြစ်ပါတယ်။ မာတာရဲ့ အဆုံးသတ်သေချာမှုကြောင့် အကောင်းဆုံး ကစားသမားစာရင်းထဲ ဒီတစ်ပတ်ပါဝင်ခဲ့ပါတယ်။

၉။ ပီရဲယား ( ဝက်ဖို့ဒ်)

play

 

လက်စတာက ရင်ဆိုင်တဲ့ပွဲစဉ်မှာ ဝက်ဖို့ဒ်ဘက်က အတောက်ပဆုံး ကစားသမားပါ။ လက်စတာဘက်ကို ဂိုးပေါက်ကန်သွင်းချက် အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

၁၀။ အန်နီရှေဘီ (ဆန်းဒါးလန်း)

ဆန်းဒါးလန်းအတွက် နှစ်ဂိုးသွင်းနိုင်ခဲ့သူပါ။ ၂၀၀၆ ခုနှစ်နောက်ပိုင်း အန်နီရှေဘီအတွက် ပထမဆုံး နှစ်ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၁။ ဒီဖိုး (ဆန်းဒါးလန်း)

play

 

ဟားလ်စီးတီးနဲ့ပွဲမှာ ဒီဖိုးက မှတ်တိုင်သစ် ထူနိုင်ခဲ့ပါတယ်။ ဒီဖိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၅၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ