EPL: အာဆင်နယ်နှင့် သရေကျသည့်အတွက် ခြောက်ဂိုးပြတ် ရှုံးနိမ့်သလို ခံစားနေရတဲ့ ဖီးလ်ဂျုံးစ်

သရေရလဒ်ဟာ မန်ယူအတွက်တော့ ရှုံးပွဲတွေ့သလိုပဲလို့ ဆိုပါတယ်။

play

 

အာဆင်နယ် အသင်းကို သရေကျခဲ့တဲ့ဖြစ်ရပ်ဟာ မန်ယူအသင်းအတွက် လက်မခံနိုင်စရာ ရလဒ်တစ်ခုဖြစ်တယ်လို့ အသင်းကစားသမား ဖီးလ်ဂျုံးစ်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းက မာတာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အာဆင်နယ်ဘက်က လူစားဝင်လာတဲ့ ဂျီရုဒ်ရဲ့ ခေါင်းတိုက်ဂိုးကို ၈၉ မိနစ်မှာခွင့်ပြုပေးလိုက်ရတာကြောင့် သရေတစ်မှတ်သာ ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ သရေရလဒ်ဟာ မန်ယူအသင်းအတွက် ၆-၀ ဂိုးနဲ့ ရှုံးသလို ခံစားရတယ်လို့ ဖီးလ်ဂျုံးစ်က ပြောခဲ့တာဖြစ်ပါတယ်။

play

 

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်မှာ အာစင်ဝင်းဂါးကို အသာရလေ့ရှိသလို၊ မန်ယူကလည်း အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်အသင်းကို အမြဲအသာစီးရလေ့ရှိတဲ့ အစဉ်အလာအတိုင်း မဖြစ်ခဲ့ဘဲ သရေတစ်မှတ်သာ ရခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်တို့ ၆-၀ ဂိုးလောက်နဲ့ ရှုံးသွားသလို ခံစားရပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ရဲ့သားနဲ့ ကံဖေးမမှု အနည်းငယ်လိုသွားခဲ့ပါတယ်" လို့ ဖီးလ်ဂျုံးစ်က ဆိုပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားနောက်ဆုံး ခြောက်ပွဲမှာ တစ်ပွဲသာအနိုင်ရကာ ရလဒ်ဆိုးရွားလျက်ရှိပြီး အဆင့်-၆ နေရာမှာ ရပ်တည်နေရပါတယ်။

Source : Telegraph

ဂျီရုဒ်ရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့် အာဆင်နယ် မန်ယူထံက သရေတစ်မှတ်ရ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ