EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ပရီးမီးယားလိဂ်မှာ ဘယ်သူမှ အသုံးမပြုတော့တဲ့ ကစားကွက်ကို သုံးပြီး ချယ်လ်ဆီးက အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပါပြီ။

play

 

လီဗာပူးက ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ခြေချော်သွားပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်သူက ချယ်လ်ဆီးဖြစ်လာခဲ့ပါပြီ။ ပရီးမီးယားလိဂ်နောက်ဆုံးခြောက်ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရထားတဲ့မန်ယူ၊ ကစားကွက် အသစ်အဆန်းနဲ့ ခြောက်ပွဲဆက်တိုက် နိုင်ပွဲရတဲ့ ချယ်လ်ဆီးစတဲ့ အဖြစ်အပျက်တွေကြောင့် ပရီးမီးယားလိဂ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။

ဒီတစ်ပတ်ပွဲစဉ်တွေအပြီး တွေးစရာ အချက်(၅) ချက်ရှိပါတယ်။

၁။ ၃-၄-၄ ကစားကွက် တစ်ခေတ်ပြန်လာပြီလား

play

 

နည်းပြကွန်တီ ချယ်လ်ဆီးမှာ အသုံးပြုနေတဲ့ ၃-၄-၃ ကစားကွက်ဟာ ပရီးမီးယားလိဂ်မှာ နည်းပြတွေအသုံးမပြုတော့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ အခုတော့ ချယ်လ်ဆီးမှာ ကွန်တီက ဒီကစားကွက်ကို အသက်သွင်းပြီး အမှတ်ပေးဇယားအပေါ်ကို ရောက်လာခဲ့ပါပြီ။ ဘယ်အသင်းတွေက ဒီကစားကွက်ပြန်သုံးမလဲ စောင့်ကြည့်ရမှာပါ။

၂။ ခရီးပန်းသွားတဲ့ ကော်တင်ဟို

play

 

ဘရာဇီးနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေကစားပြီးနောက် အင်္ဂလန်ကို ပြန်လာတဲ့ လီဗာပူးကစားသမား ကော်တင်ဟိုဟာ မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်လောက် လေယာဉ်စီးလိုက်ရပါတယ်။ ဒီအတွက် ရလဒ်က  ကော်တင်ဟို ခရီးပန်းသွားပြီး ဆောက်သမ်တန်နဲ့ပွဲမှာ အပိုင်အခွင့်အရေးကိုတောင် လွဲချော်ခဲ့ပါတယ်။ လီဗာပူးလည်း ခြေချော်သွားပါတယ်။

၃။ ယာယာတိုယေး ပြန်လာပြီ

play

 

ဂွါဒီယိုလာလက်ထက် ယာယာတိုယေးအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ခွင့် ရခဲ့ခြင်းပါပဲ။ ယာယာကတော့ သူ့အတွက် ရလာတဲ့အခွင့်အရေးကို မလွတ်တမ်း အသုံးချပြီး အသင်းအတွက် အရေးပါတဲ့ နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ ယာယာတိုယေးဟာ ဖြစ်ခဲ့တဲ့ ပြဿနာကိုမေ့ပြီး ပရော်ဖက်ရှင်နယ်ဆန်ပြလိုက်တာ ဖြစ်ပါတယ်။

၎။ မန်ယူလိုအပ်နေတဲ့ ကစားသမား

play

 

သုံးပတ်လောက် နားခဲ့ရပြီးနောက် မန်ယူအသင်းအတွက် အာဆင်နယ်နဲ့ပွဲစဉ်မှာ ဗလန်စီယာ ပြန်ကစားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြန်ကစားနိုင်တဲ့ပွဲစဉ်မှာပဲ ဗလန်စီယာက အကောင်းဆုံး အထောက်အကူပြုနိုင်ခဲ့ပါတယ်။ အာဆင်နယ် ခံစစ်ကို ဒုက္ခပေးနိုင်လို့ ဗလန်စီယာဟာ မန်ယူလိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

၅။ စပါးအတွက် ပွဲထွက်ခွင့် ထိုက်တန်တဲ့ ဟယ်ရီဝင်ခ့်

play

 

အသက် ၂၀ သာရှိသေးတဲ့ ဝင့်ခ်အတွက် စပါးအသင်းအတွက် အခုမှ မိနစ်ကိုးဆယ်ပြည့် ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့ ဦးဆောင်မှုကိုခံထားရတဲ့ စပါးအတွက်အရေးပါတဲ့ ချေပဂိုးကို ပြန်သွင်းနိုင်ခဲ့သူပါ။

Source :  Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ