EPL: ဂိုးပေါက်မှာ ဘောလုံးတစ်ခါ ပုတ်ထုတ်တိုင်း ဒေါ်လာတစ်သိန်းနှစ်သောင်း ဝင်ငွေရနေတဲ့ ဂိုးသမား

ဂိုးသမားတွေရဲ့ လစာငွေကလည်း မနည်းလှပါဘူး။

play

 

အင်္ဂလန်ဘောလုံးပြိုင်ပွဲ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ဘောလုံးကန်ချက်ကို တစ်ကြိမ်ပုတ်ထုတ်ရုံနဲ့ မထင်မှတ်ထားလောက်တဲ့ ဝင်ငွေများစွာကို ရရှိနေသူဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား ကော့တွစ်ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းနှစ်သောင်း(ဒေါ်လာ တစ်သိန်းခွဲနီးပါး) ရရှိနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီအသင်းမှာ ချယ်လ်ဆီးတစ်သင်းလုံးရဲ့ ကစားပုံ ကောင်းမွန်မှုကြောင့် ဂိုးသမား ကော့တွစ်ဟာ အကြိမ်အရေအတွက် အနည်းငယ်ကိုပဲ ကာကွယ်ရတဲ့ ဂိုးသမား ဖြစ်နေပါတယ်။

play

 

နောက်ဆုံး မစ်ဒယ်ဘရော့ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ကော့တွစ်ဟာ ပြိုင်ဘက်ကစားသမား နီဂရီဒိုရဲ့ကန်ချက်တစ်ကြိမ်ကိုသာ ကာကွယ်ခဲ့ရတာပါ။ စုစုပေါင်း ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်မှာ ချယ်လ်ဆီးဂိုးသမား ကော့တွစ်ဂိုးပေါက်မှာ ပြိုင်ဘက်ကန်ချက်တွေကို ပုတ်ထုတ်ရတဲ့ အကြိမ်ရေ ၁၇ ကြိမ်သာ ရှိပါသေးတယ်။ နောက်ဆုံးခြောက်ပွဲဆက်တိုက် ချယ်လ်ဆီးက အနိုင်ရထားတဲ့ ရလဒ်လည်းဖြစ်ပါတယ်။

 

ဒီရာသီမှာ ဂိုးသမားကော့တွစ်ဂိုးပေါက်ကာကွယ်မှု အကြိမ်ရေအများဆုံး လုပ်ခဲ့ရတဲ့ပွဲစဉ်က မန်ယူကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး အဲဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု ငါးကြိမ်ပြုလုပ်ခဲ့ရပါတယ်။ လစာနဲ့တွက်ကြည့်မယ်ဆိုရင်တော့ ကော့တွစ်ဟာ တစ်ခါဂိုးပေါက်ကာကွယ်မှု ပြုလုပ်တိုင်း ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် (မြန်မာငွေ သိန်းတစ်ထောင့်ခြောက်ရာခန့်) ရရှိနေသူဖြစ်ပါတယ်။

Source : Goal

ဒီရာသီ ချယ်လ်ဆီး အမှတ်ပေးချန်ပီယံဖြစ်မည် ထင်ပါသလား။»

  • 32,6% မထင်ပါ။
  • 46,7% ထင်ပါသည်။
  • 20,7% ခန့်မှန်းရန် စောပါသေးသည်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ