EPL: ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ရဲအရာရှိများ အံ့အားသင့်စေသည့် စကားပြောခဲ့သည့် လက်စတာဘောလုံးသမား

ယာဉ်တိုက်မှုကြောင့် ကားပျက်စီးသွားတာကို သူက မတုန်လှုပ်ပါဘူး။

play

 

လက်စတာအသင်းကစားသမား ရှလက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက် ရဲအရာရှိတွေကို အံ့အားသင့်စေမယ့် စကားတစ်ခွန်းပြောကြားလိုက်ပါတယ်။

လက်စတာနောက်ခံကစားသမား ရှလက်ရဲ့ ပေါင် တစ်သိန်းကိုးသောင်းတန် လန်ဘော်ဂီနီပြိုင်ကားဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းကို မနက်ပိုင်း ထွက်လာတဲ့အချိန်မှာ ရာသီဥတုက မကောင်းမွန်ခဲ့ဘဲ မိုးရွာနေတဲ့အချိန်မှာ ရှလက်တစ်ယောက် အခုလို ကားမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

play

 

သစ်ပင်ကိုဝင်တိုက်ပြီးနောက် ကားဟာ ဆက်မောင်လို့မရတော့ဘဲ လမ်းဘေးမှာရှိနေခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့ အချိန်မှာ ရှလက်က ဒီယာဉ်တိုက်မှုအတွက် စိတ်မပူဖို့နဲ့ သူ့မှာ နောက်ထပ် ကားသုံးစီးရှိသေးကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ။် ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာကို လူနာတင်ယာဉ် ရောက်လာခဲ့ပေမဲ့ ရှလက်ကတော့ ဆေးကုသစရာ မလိုဘဲ ဒဏ်ရာကင်းစင်ခဲ့ပါတယ်။

" သူတော်တော်ကံကောင်းတဲ့သူပါ။ အဲဒီနေ့က ရာသီဥတု ဆိုးတယ်လေ။ ဒဏ်ရာကြီးကြီးမားမားမရဘဲ အသက်အန္တရာယ် မ ထိခိုက်တာ ကံကောင်းပါတယ်" လို့ အဆိုပါမြင်ကွင်းကို မြင်ခဲ့သူတစ်ဦးက ဆိုပါတယ်။

 

" ကျွန်တော်စိတ်အနှောက်အယှက်မဖြစ်ချင်ဘူး။ ဒီကားကြီးကို မြန်မြန်ဖုံးထားပေးပါဗျာ။ ကျွန်တော့်မှာ ရွေးစရာ နောက်ထပ် သုံးစင်းရှိသေးတယ်"လို့ ရဲတွေကို ရှလက်က ပြောနေခဲ့တာဖြစ်ကြောင်း အဲဒီမြင်ကွင်းကို မြင်ခဲ့သူ တစ်ဦးက ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ