EPL: မိုဗစ်ခ်ျနဲ့မန်ယူ စာချုပ်သက်တမ်းတစ်နှစ်တိုးမည်

အသက် ၃၅ နှစ်အရွယ် ဆွီဒင်လက်ရွေးစင်ဟောင်း မိုဗစ်ခ်ျဟာ မန်ယူကို ယခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

play


မန်ချက်စတာယူနိုက်တက်က တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ခ်ျရဲ့ တစ်နှစ်သက်တမ်းစာချုပ်ကို နောက်ထပ် တစ်နှစ်တိုးချဲ့စာချုပ်ဆိုသွားမယ်လို့ အသင်းမန်နေဂျာ ဂျို့စ် မော်ရင်ဟိုက ပြောကြားပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆွီဒင်လက်ရွေးစင်ဟောင်း မိုဗစ်ခ်ျဟာ မန်ယူကို ယခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

play


မိုဗစ်ခ်ျဟာ မန်ယူနဲ့အတူ ၁၇ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်းယူထားပါတယ်။ မိုဗစ်ခ်ျဟာ မန်ယူနဲ့အတူ ၎င်းစိတ်ကြိုက် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ၎င်းကို နောက်ထပ် တစ်ရာသီအတွက် စာချုပ်သက်တမ်းတိုးသွားမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play


ဆွီဒင်အသင်းအတွက် ၁၁၆ ပွဲကစားပြီး ၆၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မိုဗစ်ခ်ျဟာ ဇွန်လအတွင်းက နိုင်ငံ့လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူခဲ့ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီမှ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်မှာ ထွက်ခွာခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချက်ကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုရုပ်တုတစ်ခု ထုလုပ်ပြီး ထားရှိသွားမယ်လို့လည်း သိရပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ