EPL: ခံစစ်အားနည်းသည့် အသင်းကစားပုံအတွက် အာစင်ဝင်းဂါး ဒေါသထွက်

ပီအက်စ်ဂျီနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

 

ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ပီအက်စ်ဂျီအသင်းကို သရေကျပြီးတဲ့နောက် အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက အသင်းရဲ့ကစားပုံအပေါ် စိတ်ပျက်လျက်ရှိကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ၂-၁ နဲ့ ပီအက်စ်ဂျီအပေါ် ဦးဆောင်နေခဲ့တဲ့အတွက် ဒီပွဲအနိုင်ရမယ်ဆိုရင် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာမှာ ဖြစ်ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းက ၁၈ မိနစ်မှာတင် ကာဗာနီရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဗာရက်တီရဲ့ OG ဂိုး၊ ဂျီရုဒ်နဲ့ သွင်းဂိုးတို့နဲ့ အာဆင်နယ်က ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၇၇ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် အာဆင်နယ်အသင်း ကစားသမား အီဝိုဘီ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ အာဆင်နယ်ချေပဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။

play

 

"ထောင့်ကန်ဘောကတစ်ဆင့် အဝေးဂိုးပေးလိုက်ရတဲ့အပေါ် ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရတယ်။ အဝေးဂိုးတွေကို ကျွန်တော်တို့ လွယ်လွယ်ကူကူ ပေးခဲ့မိတယ်။ ကစားပုံကောင်းအောင် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေ ဖန်တီးဖို့ကျတော့ အားနည်းနေခဲ့တယ်" လို့အာစင်ဝင်းဂါးက ဝေဖန်ပါတယ်။ အာဆင်နယ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘေဆယ်အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ