EPL: မက်ဆီကို မန်ယူခေါ်မည့်ကိစ္စ မော်ရင်ဟို ပြောပြီ

မန်ယူနဲ့ Adidas ကုမ္ပဏီ ပူးပေါင်းပြီး မက်ဆီကိုခေါ်ဖို့ ကြိုးပမ်းနေတာပါ။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီကို မန်ယူအသင်းက ခေါ်ယူဖို့ Adidas ကုမ္ပဏီနဲ့ ပူးပေါင်းကြိုးပမ်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပီး နောက်ဆုံးမှာ မော်ရင်ဟိုက ရှင်းလင်းလိုက်ပြီဖြစ်ပါတယ်။

 

မန်ယူအသင်းဘက်က လီယိုနယ်မက်ဆီကို ခေါ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ မော်ရင်ဟို ငြင်းချက်မထုတ်ခဲ့ပေမဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာသာ သူ့ရဲ့ကစားသမားဘဝသက်တမ်း ကုန်ဆုံးဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားလိုက်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာဟာ အမြဲတမ်းရှိလာတဲ့ သူတွေဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအမြင်အရ မက်ဆီအနေနဲ့ ဘာစီလိုနာမှာသာ ဆက်ရှိသင့်ကြောင့် မော်ရင်ဟိုက ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

" နှစ်တိုင်း ဒီသတင်းတွေက ထွက်နေတာပါပဲ။ မက်ဆီက အသင်းကထွက်မယ်၊ မထွက်ဘူးဆိုတာလေ။ မက်ဆီဟာ ဘာစီလိုနာနဲ့ အမြဲအတူရှိခဲ့သလို ဘာစီလိုနာကလည်း သူနဲ့အတူရှိပါတယ်။ သူသာအဲဒီမှာ အမြဲရှိနေမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်" လို့ မော်ရင်ဟိုက ပြောခဲ့တာပါ။ မန်ယူအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သုံးပြီး မက်ဆီကိုခေါ်ဖို့ Adidas ကုမ္ပဏီက ကြိုးပမ်းပေးနေတယ်ဆိုတဲ့ ကိစ္စအပေါ်မှာတော့ ဘာမှတ်ချက်မှ ပေးသွားခြင်း မရှိပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ