EPL: ခရစ္စမတ်အားလပ်ရက် လိုချင်လို့ ဒိုင်လူကြီးကို အဝါကတ်ပြခိုင်းတဲ့ ဘောလုံးသမား

, updated

ခရစ္စမတ်ကာလဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ်တွေများလေ့ရှိပါတယ်။

play

 

ဒီဇင်ဘာ ခရစ္စမတ်အားလပ်ရက်မှာ နားခွင့်ရဖို့အတွက် တမင်အဝါကတ်ပြခိုင်းတဲ့ ကစားသမားတွေရှိခဲ့ဖူးကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း တစ်ဦးဖြစ်တဲ့ ဟောင်းဝက်ဝက်ဘ်က ဝန်ခံလိုက်ပါတယ်။

play

 

ဟောင်းဝက်ဝက်ဘ်ဟာ ပရီးမီးယားလိဂ်နာမည်ကျော်ပွဲစဉ်အများအပြားကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်  ထုံးစံအရ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလဝန်းကျင်မှာ ပွဲစဉ်အများအပြား ယှဉ်ပြိုင်ကစားရလေ့ရှိပြီး ကစားသမားတွေအနေနဲ့ အားလပ်ရက် မရကြပါဘူး။ ဒါပေမဲ့ ခရစ္စမတ်ကာလမှာ အားလပ်ရက် လိုချင်တဲ့ ကစားသမားတွေအချို့က တမင်အဝါကတ်ပြဖို့ အဆိုပါ ဒိုင်လူကြီးထံမှာ တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။

ဘောလုံးပွဲစည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ အဝါကတ် ငါးကြိမ်ပြသခံရပြီဆိုရင် တစ်ပွဲအပယ်ခံရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် အဝါကတ်လေးကြိမ်အပြခံရထားရတဲ့ ကစားသမားအချို့က ဟောင်းဝက်ဝက်ဘ်ကို ငါးကြိမ်မြောက်အဝါကတ် ပြတ်ဖို့ ခရစ္စမတ်ကာလဝန်းကျင်းမှာ တောင်းဆိုဖူးတာဖြစ်ကြောင်း သူက BT စပို့တ်နဲ့ ရုပ်သံအင်တာဗျူးမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ