EPL: စတီဗင်ဂျရတ်ကို မကြာခင် လီဗာပူးတွင် ပြန်လည်မြင်တွေ့ရဖွယ် ရှိ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝက အနားယူလိုက်ပြီဖြစ်ပါတယ်။

play

 

ဘောလုံးသမားဘဝက အနားယူလိုက်ပြီလို့ ကြေညာလိုက်တဲ့ လီဗာပူးဘောလုံးသမားဟောင်း စတီဗင်ဂျာရတ်ဟာ သူ့ရဲ့ အသင်းဟောင်းထံကို မကြာခင်ရက်ပိုင်းအတွင်း ရောက်ဖွယ်ရှိကြောင်း သိရပါတယ်။

အမေရိကန်မေဂျာလိဂ်ကလပ်နဲ့ ဂျရတ်ရဲ့ စာချုပ်က ဒီဇင်ဘာလဆိုရင် ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီစာချုပ်သက်တမ်းကုန်တဲ့အခါ ဘောလုံးသမားဘဝက အနားယူတော့မှာဖြစ်ပါတယ်။ ဂျရတ်ဟာ ဘောလုံးသမားဘဝက အနားယူပြီးတာနဲ့ မန်နေဂျာလောကထဲကို ချက်ခြင်းဝင်ရောက်မှာ ဖြစ်တယ်လို့လည်း သတင်းတွေက ရေးသားထားကြပါတယ်။

play

 

လက်ရှိ လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ပ်ကို ဂျရတ်ရဲ့သတင်းနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အဆိုပါနည်းပြက အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။ " ဒီကိစ္စက ဒီအခန်းထဲမှာ ပြောရမယ့် ကိစ္စမဟုတ်သေးပါဘူး။ ကိစ္စတစ်ခုခုထူးတာနဲ့ အသင်းက ချက်ချင်းကြေညာပါလိမ့်မယ်။ ကြေညာချက်ထွက်လာပြီးမှ ပြောတာ ပိုကောင်းမှာပါ။ အနာဂတ်မှာ အသင်းကလည်း ကြေညာချက်တစ်ခုခုတော့ ထုတ်လိမ့်မယ်ဆိုတာ ကျွန်တော်သေချာ ပြောရဲပါတယ်" လို့ ကလော့ပ်က ပြောခဲ့တာဖြစ်ပါတယ်။

 

ဗြိတိန်သတင်းတွေကတော့ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းရဲ့ အောက်ခြေနည်းပြဘဝကစလို့ အသင်းနဲ့ ပြန်လည်ပူးပေါင်းလိမ့်မယ်လို့ ရေးသားနေကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ