EPL: မာရှယ်ကို စိတ်ကုန်နေသည့် မော်ရင်ဟို ရွန်နေးကို ဆက်လက်ပွဲထုတ်ဖွယ် ရှိ

မာရှယ်ဒီရာသီမှာ အသင်းအတွက် ဂိုးပေါက်ပျောက်နေတဲ့ ကစားသမားဖြစ်နေပါတယ်။

play

 

လက်ရှိရာသီမှာ ခြေစွမ်းပြမနိုင်ဖြစ်နေတဲ့ မန်ယူအသင်းတိုက်စစ်မှူး မာရှယ်အပေါ် နောက်ထပ်အခွင့်အရေးပေးဖို့ စိတ်ကုန်နေပြီဆိုတဲ့ စကားမျိုးကို နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

မာရှယ်ဟာ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ၁၇ ဂိုးအထိသွင်းပေးနိုင်ပြီးခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဘောလုံးရာသီမှာ ပင်နယ်တီ၊ ဖရီးကစ်တွေကို ထည့်မတွက်ဘူးဆိုရင် မာရှယ်ရဲ့သွင်းဂိုးက တစ်ဂိုး သာရှိပါသေးတယ်။ " ကျွန်တော်သူ့ကို အခွင့်အရေး ပေးခဲ့ပါတယ်။ သူအခွင့်အရေးကို မယူနိုင်ခဲ့တာပါ" လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

play

 

နည်းပြမော်ရင်ဟိုဟာ ဂိုးမသွင်းနိုင်ဖြစ်နေတဲ့ မာရှယ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖီယင်နော့ဒ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ချန်လှပ်ခဲ့ပါသေးတယ်။ အခု ဝက်စ်ဟမ်းအသင်းနဲ့ တနင်္ဂနွေနေ့ကစားရမယ့်ပွဲစဉ်မှာလည်း မာရှယ်ကို လူစာရင်းက ချန်လှပ်ဖွယ် မာရှယ်ကို ချန်လှပ်ခဲ့မယ်ဆိုရင် မော်ရင်ဟိုဟာ အသင်းတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့ ရွန်နေးကို တွဲပြီးပွဲထုတ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ