EPL: မနှစ်ကလို ရန်မဖြစ်ကြဖို့ စပါးနှင့်ပွဲမတိုင်ခင် ချယ်လ်ဆီးနည်းပြ တိုက်တွန်း

မနှစ်က ရန်ပွဲကြောင့် စံချိန်တင်ဒဏ်ကြေး ပေးဆောင်လိုက်ရပါတယ်။

play

 

ယနေ့ ယှဉ်ပြိုင်ကစားမယ့် ချယ်လ်ဆီးနဲ့စပါးပွဲစဉ်မှာ ပြီးခဲ့တဲ့နှစ်ကလို ရန်မဖြစ်ကြဖို့ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချယ်လ်ဆီးနဲ့ စပါးပွဲစဉ်မှာ နှစ်ဖက်ကစားသမားတွေ  အချင်းများခဲ့ကြပြီး စံချိန်တင် ဒဏ်ကြေးပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။

play

 

ဒီနှစ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းကစားသမားတွေအနေနဲ့ ခေါင်းအေးအေးထားပြီး နိုင်ပွဲကို ရှာကြဖို့ အသင်းနည်းပြ ကွန်တီက တိုက်တွန်းထားတာဖြစ်ပါတယ်။" ခင်ဗျားတို့ ခေါင်းကို အေးအေးထားပြီး ကစားဖို့လိုတယ်။ ရန်ပွဲကို မစဖြစ်အောင် တက်နိုင်သလောက် ရှောင်ကြဖို့ပါ။ နည်းလမ်းမှန်မှန်နဲ့ အနိုင်ယူကြဖို့ တိုက်တွန်းပါတယ်" လို့ ကွန်တီက ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရာသီက စပါးနဲ့ ချယ်လ်ဆီးအသင်း တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး စပါးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်လည်း အဲဒီသရေပွဲကြောင့် ပျက်ခဲ့ရတာဖြစ်ပါတယ်။ စပါးအသင်း ကစားသမား ၉ ဦးအဝါကတ်ပြခံခဲ့ရပြီး အသင်းကစားသမား ဒမ်ဘီလီကိုတော့ ခြောက်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ