EPL: ယခုရာသီ အမှတ်ပေးချန်ပီယံ ဖြစ်ရန် မော်ရင်ဟို ကြိုးစားနေဆဲဟု ဆို

မော်ရင်ဟိုကတော့ ချန်ပီယံဖြစ်ဖို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အပြီးမှာ ထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ့ ကိုးမှတ်ကွာဟနေပေမယ့် မန်ယူအသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံအတွက် လက်မလျှော့သေးဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းက ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထိပ်ဆုံးက ချယ်လ်ဆီးအသင်းကတော့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာတုန်းက ရခဲ့တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကာ မော်ရင်ဟိုက မန်ယူအသင်း ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သေးတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၄-၁၅ ဘောလုံးရာသီတုန်းက မော်ရင်ဟိုရဲ့ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာမတိုင်ခင် မန်စီးတီးကို ဆယ်မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလကုန် နှစ်သစ်ကူးအရောက်မှာ ဒီနှစ်သင်းဟာ အမှတ်တူသွားခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ရလဒ်ပြန်ကောင်းအောင် ကြိုးပမ်းနိုင်ခဲ့ပြီး ရာသီအကုန်မှာတော့ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

play

 

ဆယ်မှတ်ကွာဟနေတဲ့ အသင်းကိုတောင် လိုက်မီနိုင်ခဲ့တဲ့ဖြစ်ရပ် ရှိခဲ့တဲ့အတွက် မန်ယူအသင်းအနေနဲ့ ရလဒ်တွေ ပြန်ကောင်းလာပြီး ချန်ပီယံဆုအတွက် ကြိုးစားနိုင်သေးတယ်လို့မော်ရင်ဟိုက ဆိုပါတယ် " လွန်ခဲ့တဲ့ ၁၈ လတုန်းက ကျွန်တော့်ရဲ့နောက်ဆုံး အမှတ်ပေးဖလား ရခဲ့တယ်။ မန်စီးတီးကို ဆယ်မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် တစ်လကြာတဲ့အခါ မန်စီးတီးက ကျွန်တော်တို့နဲ့ အမှတ်တူသွားတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ခေါင်းထောင်လာပြီး ချန်ပီယံဖြစ်သွားခဲ့တယ်" လို့ မော်ရင်ဟို ကပြောပါတယ်။

ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း အမှတ်ပေးချန်ပီယံ ဖြစ်မည်ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ