EPL: ရှုံးနေရာမှ အဂူရိုကြောင့် မန်စီးတီး နိုင်ပွဲပြန်တွေ့သွား

မန်စီးတီးရဲ့ နိုင်ပွဲကို အဂူရိုရှာဖွေပေးခဲ့တာပါ။

play

 

ဘန်လေအသင်းနဲ့ပွဲစဉ်မှာ မန်စီးတီအတွက် အဂူရိုခြေစွမ်းပြဂိုးတွေ သွင်းနိုင်ခဲ့လို့ အနိုင်သုံးမှတ်ကို ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

ဘန်လေအသင်းရဲ့ ဦးဆောင်ဂိုးကို စောစာစီးစီး ခွင့်ပြုလိုက်ရပေမယ့် မန်စီးတီးအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို အဂူရိုပြန်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွတ်တည်ကန်ဘောကတဆင့် ဘန်လေကစားသမား ရော်ဘင်ဆင်က ဂိုးဧရိယာထဲ ချပေးတဲ့ ဘောလုံးကို မန်စီးတီးကစားသမားအော်တာမန်ဒီ ခေါင်းတိုက်နိုင်ခဲ့ပေမယ့် ဘန်လေဘက်က မာနေးဆီရောက်သွားခဲ့ပါတယ်။ မာနေးက ရလာတဲ့ ဘောလုံးကို တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။

play

 

ဒီနေ့ပွဲစဉ် ပထမပိုင်းမှာ ဘန်လေအသင်းဟာ မန်စီးတီးကို ရှိန်မနေပဲ တိုက်စစ်ဆင်မှုတွေ အကောင်းဆုံး ပြုလုပ်နိုင်ခဲ့ပေမယ့် အဂူရိုကို မထိန်းနိုင်ခဲ့လို့ ရှုံးပွဲတွေ့သွားခဲ့တာဖြစ်ပါတယ်။  ၃၇ မိနစ်မှာ မန်စီးတီးအသင်း ချေပဂိုးရပါတယ်။ ထောင့်ကန်ဘောကတဆင့် ရလာတဲ့ ဘောလုံးကို အဂူရိုက ပိတ်သွင်းယူခဲ့တာပါ။

play

 

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ စတာလင်အစား ဆာနေးဝင်ရောက်လာခဲ့ပါတယ်။ ဘန်လေနောက်ခံ ကစားသမားတွေ ပေါ့ဆမှုကတဆင့် ဖာနန်ဒင်ဟို ဖန်တီးပေးတဲ့ ဘောလုံးကို အဂူရိုက ဂိုးပေါက်နဲ့ မိတ်ဆက်လိုက်တာပါ။ အဲဒီနောက်ပိုင်းမှာ ဘန်လေအသင်းရဲ့ တိုက်စစ်ဆင်မှုတွေ ကောင်းမွန်ခဲ့ပေမယ့် အဆုံးသတ်မသေချာတဲ့အပြင် မန်စီးတီးနောက်တန်းလည်း သိပ်အမှားအယွင်းမရှိခဲ့လို့ မန်စီးတီး နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

 

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ