EPL: မန်ယူထက် အာဆင်နယ်အသင်းကိုသာ ပြောင်းရွှေ့ချင်တဲ့ ဘိုင်ယန်မြူးနစ် ကစားသမား

အယ်လာဘာကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေတာပါ။

play

 

ပရီးမီးယားလိဂ်ကို ရောက်လာမယ်လို့ သတင်းထွက်နေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမား အယ်လာဘာက မန်ယူအသင်းကို ပြောင်းမယ့်အစား အာဆင်နယ်အသင်းကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ Manchester Evening News ကဖော်ပြလိုက်ပါတယ်။

 

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အရည်အသွေးမြင့်ကစားသမားနှစ်ဦးထပ်မံခေါ်ယူဖို့ စီစဉ်ထားတဲ့ မန်ယူအသင်းဟာ ဘိုင်ယန်ကစားသမား အယ်လာဘာကိုလည်း ခေါ်ယူဖို့ ချဉ်းကပ်နေတာဖြစ်ပါတယ်။ အယ်လာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တာ မကြာသေးခင်ကမှာပါ။ ဒါပေမယ့် အဆိုပါ သြစတြီးယားလက်ရွေးစင် ကစားသမားကို မန်ယူအသင်းရော အာဆင်နယ်အသင်းကပါ မျက်စိကျနေတာဖြစ်ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လာဘာကို မန်ယူအသင်းနည်းပြဟောင်း လူးဝစ္စဗန်ဟားရှိစဉ်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အလယ်တန်းမှာသာမက ခံစစ်ပိုင်းလည်း ကစားနိုင်တဲ့ အယ်လာဘာရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၃၄ သန်းခန့် တန်ကြေးရှိမှာ ဖြစ်ပါတယ်။ အယ်လာဘာကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် မန်ယူအသင်းက ဆောက်သမ်တန်ကစားသမား ဗန်ဒစ်ခ်ျကို ခေါ်ယူဖွယ်ရှိတယ်လို့ အဆိုပါ မန်ချက်စတာအခြေစိုက် သတင်းစာကဖော်ပြထားပါတယ်။

Source : Manchester Evening News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ