EPL: ချယ်လ်ဆီး ၂-၁ စပါး ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ချယ်လ်ဆီးအိမ်ကွင်းမှာ နှစ်ပေါင်းများစွာ အနိုင်မရတဲ့စံချိန်ကို စပါးမချိုးဖျက်နိုင်သေးပါဘူး။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ မှာ စပါးအသင်းက ချယ်လ်ဆီးအိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီးတဲ့နောက် အစဉ်အလာကို မချိုးဖျက်နိုင်ဘဲ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ စပါးအနိုင်မရတာဟာ နှစ်အတော်ကြာခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်လ်ဆီးကို စပါးအနိုင်ရခဲ့စဉ်က တောင်အာဖရိက ခေါင်းဆောင်မင်ဒဲလ်လားတောင် ထောင်ထဲမှာပဲရှိခဲ့သေးတဲ့ အချိန်လို့ တင်စားရေးသားကြပါတယ်။ ချယ်လ်ဆီး ၂-၁ စပါးပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ဗစ်တာမော့ဆက်

play

 

ချယ်လ်ဆီးကစားသမား မော့ဆက်ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး ဒီပွဲမှာတော့ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ သူ့ကို ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ စပါးအသင်းရဲ့ ဒီရာသီ ရှုံးပွဲမရှိစံချိန်ကိုလည်း ချိုးဖျက်ခဲ့သူပါ။

၂။ စံချိန်ကျိုးပျက်သွားတဲ့ ချယ်လ်ဆီး

play

 

နိုင်ပွဲရခဲ့ပေမဲ့ စပါးအသင်းကို ပေးလိုက်ရတဲ့ အဖွင့်ဂိုးကြောင့် ချယ်လ်ဆီးရဲ့ ဂိုးမပေးရတဲ့စံချိန် ကျိုးပျက်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချယ်လ်ဆီးအသင်း ဂိုးမပေးရတာ မိနစ် ၆၀၀ ပြည့်တဲ့အချိန်မှာစပါအသင်းက အဖွင့်ဂိုး သွင်းယူလိုက်တာပါ။

၃။ စပါးအတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျကျိန်စာ

play

 

စပါးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်လ်ဆီးကို အနိုင်မရခဲ့တာ ၁၉၉၀ ခုနှစ်ကတည်းကဖြစ်ပါတယ်။ အခုဒီပွဲမှာလည်း စပါးက ပထမပိုင်း အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာမထင်မှတ်တဲ့ ကန်ချက်တွေကတစ်ဆင့် ဂိုးပေးလိုက်ရပါတယ်။ စပါးဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကျိန်စာ မိနေဆဲ ဖြစ်ပါတယ။်

၎။ လူအင်အားဖြည့်ရမယ့် စပါး

play

 

ချယ်လ်ဆီး၊ မန်စီးတီးတို့ကို ယှဉ်ချင်တယ်ဆိုရင် စပါးအသင်းဟာ ဒီဇန်နဝါရီမှာ လူအင်အားထပ်ဖြည့်ကို ဖြည့်ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လူအင်အားတောင့်တင်းမှုက ဒီပွဲမှာ အနိုင်သုံးမှတ် ရစေခဲ့တာက စပါးကိုပေးနေတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

၅။ မေးခွန်းထုတ်ရတောတာ့မယ့် ဆစ်ဆိုကို

play

 

စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆစ်ဆိုကိုဆိုတဲ့ ကစားသမားကို ပေါင်သန်း ၃၀ ပေးပြီးဝယ်ယူခဲ့တာပါ။ အခုချယ်လ်ဆီးနဲ့ ပွဲမှာလည်း ဆစ်ဆိုကိုဟာ အသင်းအတွက်အရန်စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ ဆစ်ဆိုကိုအရေးဟာ နည်းပြပိုချက်တီနိုအတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါပြီ။

Source : MIrror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ