EPL: မန်ယူတိုက်စစ်မှူး မာရှယ်၏ ချစ်သူ ကားမတော်တဆမှု ဖြစ်ပွား

မာရှယ့်ကို လာကြိုစဉ် လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

play

 

မန်ယူအသင်း တိုက်စစ်မှူး မာရှယ်ရဲ့ ချစ်သူဟာ ကားမတော်တဆမှု တစ်ခုဖြစ်ပွားသွားခဲ့ကြောင်း သိရပါတယ်။ မာရှယ်ကို မန်ယူအသင်း လေ့ကျင့်ရေးကွင်းကနေ လာခေါ်စဉ် လမ်းမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။

play

 

မာရှယ်ရဲ့ ချစ်သူဖြစ်တဲ့ ဒါခရုဇ်ဟာ မာရှယ်ကို လေ့ကျင့်ရေးကွင်းကနေ အိမ်ပြန်ခေါ်ဖို့အတွက် ကားကို သူကိုယ်တိုင်မောင်းလာခဲ့တာဖြစ်ပါတယ်။ လမ်းခရီးမှာ တစ်ဖက်လာတဲ့ ကားကို ရှောင်လိုက်ရင်း သူ့ရဲ့ကားဟာ လမ်းဘေးကို ဝင်တိုက်ကာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ အထိတ်တလန့် ဖြစ်သွားတဲ့သူမဟာ ကားပေါ်မှာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး အခြားသူတွေ ရောက်လာပြီး ကူညီပေးတော့မှသာ ကားထဲက ထွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ သူမဟာ ဒဏ်ရာဒဏ်ချက် မရခဲ့ပါဘူး။ ဒီရာသီမှာ အသင်းအတွက်  ခြေစွမ်းမပြနိုင်လို့ နည်းပြရဲ့ သတိပေးထားခြင်းကို ခံနေရတဲ့ မာရှယ်အတွက်တော့ နောက်ထပ်သတင်းဆိုး တစ်ခုဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ