EPL: ဝက်စ်ဟမ်းကို သရေကျပြီးနောက် ၂၆ နှစ်အတွင်း အဆိုးရွားဆုံး စံချိန်တစ်ခုကို မော်ရင်ဟိုနှင့် မန်ယူရရှိ

မော်ရင်ဟိုအတွက်တော့ မျက်နှာပျက်စရာ ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းကို သရေကျခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ နှစ်ပေါင်း ၂၆ နှစ်အတွင်း အဆိုးရွားဆုံး စံချိန်တစ်ခုကို ရရှိသွားပြီဖြစ်ပါတယ်။

play

 

ဖာဂူဆန်အနားယူသွားပြီးနောက် နည်းပြဒေးဗစ်မိုယက်စ်၊ လူးဝစ္စဗန်ဟားလ်တို့လက်ထက်မှာ ဆိုးရွားတဲ့ စံချိန်အချို့ ရရှိခဲ့ပေမဲ့ အခု မော်ရင်ဟို ရရှိတဲ့စံချိန်က နှစ်ပေါင်း ၂၆ နှစ်အတွင်း အဆိုးရွားဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ သရေကျပြီးတဲ့နောက် ပွဲစဉ် ၁၃ ပြီးဆုံးသွားတဲ့အချိန်မှာ မန်ယူအသင်းက ရမှတ် ၂၀ မှတ်သာ ရရှိပါသေးတယ်။ ဒါဟာ ၁၉၉၀-၉၁ ခုနှစ်နောက်ပိုင်းမှာ မန်ယူအသင်းအတွက် အဆိုးရွားဆုံး ပရီးမီးယားလိဂ် စံချိန်လည်းဖြစ်လာပါတယ်။

နှစ်ပေါင် ၂၆ နှစ်အတွင်းမှာ မန်ယူအသင်းဟာ ပွဲစဉ် ၁၃ ပွဲအတွင်း ရမှတ် ၂၀ ထက်လျော့နည်းတာမျိုး မရှိခဲ့ဖူးပါဘူး။ အခု သရေကျသွားခဲ့ပြီးနောက်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့လည်း ၁၁ မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ မော်ရင်ဟိုဟာ အပြင်းအထန် စောဒက တက်ခဲ့တဲ့အတွက် ပွဲကြည့်စင်ပေါ်မှာ သွားကြည့်ဖို့ ညွှန်ကြားခံခဲ့ရပါသေးတယ်။

 

Source : Goal

မန်ယူယခုနှစ်ရာသီ ချန်ပီယံလိဂ် ဝင်မည်ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ