EPL: ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အပြီး လေ့လာစရာ အချက် (၅) ချက်

ချယ်လ်ဆီးက အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

play

 

နည်းပြမော်ရင်ဟိုနဲ့ မန်ယူအသင်း ရလဒ်မကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ က ပြီးဆုံးသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်ဆဲဖြစ်ပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့လည်း အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကံအဆိုးဆုံး အသင်း

play

 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ကံအဆိုးဆုံးအသင်းလို့ မော်ရင်ဟိုက မကြာသေးခင်ကမှာ ပြေထားတာပါ။ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၃.၆ ရာနှုန်းအထိ ရှိခဲ့ပေမဲ့လည်း မန်ယူအသင်းဟာ ချေပဂိုးတစ်ဂိုးသာ ရလိုက်ပြီး အနိုင်ဂိုးတော့ မရခဲ့ပါဘူး။ ဒါကြောင့်ပဲ ၂၆ နှစ်အတွင်း အဆိုးဆုံးစံချိန်ကို ရခဲ့တာဖြစ်ပါတယ်။

၂။ ခံစစ်မလုံတော့တဲ့ ချယ်လ်ဆီး

play

 

နိုင်ပွဲရခဲ့ပေမဲ့ စပါးအသင်းကို ပေးလိုက်ရတဲ့ အဖွင့်ဂိုးကြောင့် ချယ်လ်ဆီးရဲ့ ဂိုးမပေးရတဲ့စံချိန် ကျိုးပျက်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချယ်လ်ဆီးအသင်း ဂိုးမပေးရတာ မိနစ် ၆၀၀ ပြည့်တဲ့အချိန်မှာစပါအသင်းက အဖွင့်ဂိုး သွင်းယူလိုက်တာပါ။ ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ အနိုင်သုံးမှတ်ကိုတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ  အစဉ်အလာအတိုင်း ချယ်လ်ဆီးအသင်းက ရယူနိုင်ခဲ့ပါတယ်။

၃။ တိုက်စစ်အားနည်းလာတဲ့ လီဗာပူး

play

 

ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ လီဗာပူးအသင်း ၂-၀ ဂိုးနဲ့ အနိုင်ရပြီး လိုအပ်တဲ့ အနိုင်သုံးမှတ်ကိုတော့ ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဂိုးမသွင်းနိုင်တာကိုတော့ မေးခွန်းထုတ်စရာပါ။ နိုင်ဝင်ဘာလထဲမှာ ကြားဖြတ်ခြေစစ်ပွဲတွေ ဝင်လာပြီးကတည်းက လီဗာပူးအသင်းတိုက်စစ်ဟာ အရင်လိုမဟုတ်တော့ဘဲ ချိနဲ့နေပါတယ်။

၎။ ခံစစ်အားနည်းနေဆဲ မန်စီးတီး

play

 

မန်စီးတီးအသင်းအတွက် နိုင်ပွဲကို အဂူရိုက ရှာပေးခဲ့ပြန်ပေမဲ့ အသင်းရဲ့ ကြီးမားတဲ့ အားနည်းချက်ကိုတော့ မပြင်နိုင်ဖြစ်နေဆဲပါ။ မာနေးရဲ့ ကန်ချက်ကြောင့် မန်စီးတီးအသင်းဟာ ပေးဂိုးမရှိဘဲ ဒီပွဲမှာလည်း မကစားနိုင်ခဲ့ပြန်ပါဘူး။

၅။ လူအင်အား ဖြည့်ရမည့် ဟားလ်စီးတီး

play

 

ဟားလ်စီးတီးအသင်းရဲ့ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပါပြီ။ ဝက်စ်ဘရွန်းကို သရေကျပြီးတဲ့နောက်မှာ ပိုပြီးပေါ်လွင်လာပါတယ်။ ချန်ပီယံရှစ်ကို ပြန်မသွားချင်ရင်တော့ နည်းပြမိုက်ဖီလန် ဇန်နဝါရီမှာ လူဖြည့်တင်းဖို့ လိုနေပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက မိုက်ဖီလန်ဟာ ဒေါ့မွန်ပွဲကို သွားကြည့်ခဲ့ပြီး ဆောက်သမ်တန်က ဂျေးရိုဒရီဂွက်ဇ်ကိုလည်း ခေါ်ဖို့ ကြိုးပမ်းနေပြန်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ