EPL: ယခုတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား (၁၁) ဦး

မန်ယူအသင်းရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်တဲ့ ဝက်စ်ဟမ်းဂိုးသမားကတော့ အကောင်းဆုံး ဂိုးသမား ဖြစ်ခဲ့ပါတယ်။

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အပြီး အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ဖော်ပြပေးထားပါတယ်။ ထုံးစံအတိုင်း အသင်းရလဒ်မကောင်းပေမဲ့ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကို ရွေးချယ်ပေးထားပါတယ်။

၁။ ရန်ဒက်လ် (ဝက်စ်ဟမ်း)

play

 

မန်ယူနဲ့ သရေကျတဲ့ပွဲမှာ ဝက်စ်ဟမ်း ဂိုးသမား ရန်ဒက်လ်ဟာ မန်ယူအသင်းရဲ့ အပိုင်ကန်ချက် ၇ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ သူက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိုးသမားပါ။

၂။ ဟော့ဂျာ့ဂ် (ဆောက်သမ်တန်)

ဆောက်သမ်တန်အသင်းအတွက် ဘောလုံးဖျက်ထုတ်မှု သို့မဟုတ် ဘောလုံးထိန်းသိမ်းမှု အများခဲ့ဆုံး ကစားသမားက နောက်ခံလူ ဟော့ဂျာ့ဂ် ဖြစ်ပါတယ်။

၃။ လော်ဗရန် (လီဗာပူး)

လီဗာပူးအသင်းအတွက် နောက်တန်းမှာ လော်ဗရန်ဟာ ၁၁၇ ကြိမ်ဘောလုံးထိခဲ့ပြီး အသင်းဂိုးပေါက် ကာကွယ်နိုင်ခဲ့ပါတယ်။

၎။ ဒေါ်ဆင် (ဟားလ်စီးတီး)

play

 

ဟားလ်စီးတီးအသင်းခေါင်းဆောင် ဒေါ်ဆင်က ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ အရေးပါတဲ့ ချေပဂိုး သွင်းနိုင်ခဲ့သူပါ။

၅။ ဗလန်စီယာ (မန်ယူ)

မန်ယူအသင်း သရေတစ်မှတ်သာ ရပေမဲ့ ဗလန်စီယာဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့ကို တိကျသေချာတဲ့ ကန်တင်မှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

၆။ လီရွိုင်ဖား (ဆွမ်ဆီး)

ဆွမ်ဆီးအသင်းအတွက် ၁၂ ပွဲသာ ကစားပေးရသေးပေမဲ့ ၆ ဂိုးသွင်းသူဖြစ်ပြီး ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ခြေစွမ်းပြခဲ့သူပါ။

၇။ ဟန်ဒါဆင် (လီဗာပူး)

play

 

လီဗာပူးအတွက် ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ တိုက်စစ်အတွက် ဘောလုံးပေးပို့မှု ၁၃၀ အကြိမ်ရေ ပြုလုပ်ခဲ့သူပါ။

၈။ ပေယက် (ဝက်စ်ဟမ်း)

မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ပေယက်ရဲ့ ပေးပို့မှုကတစ်ဆင့် ဂိုးရခဲ့တာပါ။ နောက်ဆုံးနှစ်ပွဲမှာ ပေယက်ရဲ့ဂိုးဖန်တီးပေးမှုက သုံးကြိမ်ရှိသွားပါပြီ။

၉။ အဂူရို (မန်စီးတီး)

play

 

ဘန်လေကို ရှုံးနေရာကနေ အဂူရိုရဲ့ ဂိုးနှစ်ဂိုးကြောင့် နိုင်ပွဲပြန်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ အသင်းပေါင်း ၃၀ ရှိရာမှာ အဂူရိုဂိုးမသွင်းဖူးတဲ့အသင်း ဘော်လ်တန်တစ်သင်းသာ ရှိပါတော့တယ်။

၁၀။ လော်ရန်တေး (ဆွမ်ဆီး)

လူစားဝင်လာပြီး နှစ်ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဆွမ်ဆီး ကစားသမားဖြစ်ပါတယ်။

၁၁။ ဆန်းချက်ဇ် (အာဆင်နယ်)ဂိုးပေါက် နှစ်ကြိမ်ကန်ရာမှာ နှစ်ကြိမ်လုံး ဂိုးရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

Source : Goal

Man Utd
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ