EPL: ရေဘူးကို ပိတ်ကန်ခဲ့သည့်မော်ရင်ဟို အရေးယူရန် စွဲချက်တင်ခံရ

play

 

ဝက်စ်ဟမ်းအသင်းကို သရေကျခဲ့တဲ့ပွဲစဉ်မှာ  ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကွင်းဘေးမှာ အပြင်းအထန် ပေါက်ကွဲခဲ့တဲ့ မန်ယူနည်းပြ မော်ရင်ဟိုကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

တစ်ဖက်တစ်ဂိုးစီ သရေကြခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းကစားသမား ပေါ့ဂ်ဘာကို ဟန်ဆောင်လှဲချတယ်လို့ သတ်မှတ်ပြီး အဝါကတ်ပြခဲ့လို့ မော်ရင်ဟိုက ဒေါသပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် မော်ရင်ဟိုဟာ ပေါက်ကွဲပြီး ကွင်းဘေးမှာရှိနေတဲ့ ရေဘူးကို ခြေထောက်နဲ့ ကန်ကျောက်ပစ်ခဲ့တာဖြစ်ပါတယ်။ ဒီအပြုအမူကြောင့် ကွင်းလယ်ဒိုင်က မော်ရင်ဟိုကို နည်းစနစ်ဧရိယာအတွင်းမှာ ဆက်မထားတော့ပဲ ပွဲကြည့်စင်ပေါ် တက်ကြည့်ဖို့ စေလွှတ်ခဲ့ပါတယ်။

play

 

ဘန်လေအသင်းနဲ့ပွဲစဉ်မှာလည်း မော်ရင်ဟိုဟာ ဒီလိုအပြင်းအထန် စောဒကတက်၊ ဒေါသထွက်ခဲ့လို့ အက်ဖ်အေက စွဲချက်တင် အရေးယူခဲ့ပြီး ပွဲပယ်ပြစ်ဒဏ် တစ်ပွဲချမှတ်ခဲ့ပါတယ်။ မော်ရင်ဟိုကို အခု ဒီရာသီမှာ နောက်တစ်ကြိမ် စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

 

အက်ဖ်အေဘက်က တင်တဲ့စွဲချက်ကို မော်ရင်ဟိုက လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မတိုင်ခင်အထိ ပြန်လည်ချေပခွင့်ရှိပါတယ်။ မော်ရင်ဟိုနဲ့ မန်ယူအသင်းဟာ ဝက်စ်ဟမ်းကို သရေကျပြီးတဲ့နောက်ပိုင်း ၂၆ နှစ်အတွင်း ပရီးမီးယားလိဂ် ပွဲအစ ၁၃ ပွဲအပြီး အဆိုးရွားဆုံး ရမှတ်နည်းတဲ့ စံချိန်ကိုသာ ရရှိခဲ့ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ