EPL: မန်ယူ ၄-၁ ဝက်စ်ဟမ်းပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

မန်ယူအသင်းအတွက် ဒီနိုင်ပွဲကြောင့် ဖိအားလျော့ခဲ့ရပါတယ်။

 

ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းကို သရေသာ ကစားနိုင်ခဲ့ပေမဲ့ ယမန်နေ့ညက ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုနင်နယ်မှာတော့ မန်ယူအသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ခ်ျရဲ့ ဂိုးနဲ့မန်ယူဦးဆောင်နိုင်ခဲ့ပေမဲ့ ဖလက်ချာရဲ့ ချေပဂိုးကြောင့် အနိုင်ရဖို့ ဒုတိယပိုင်းမှာ မန်ယူပြန်ပြီး အားစိုက်ခဲ့ရပါတယ်။ ဒီပွဲအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ခြေစွမ်းမကျသေးတဲ့ ရွန်နေး

play

 

ရွန်နေးရဲ့ ခြေစွမ်းဟာ မန်ယူအသင်းအတွက် အရေးပါနေဆဲ ဆိုတာ ဒီပွဲက သက်သေပြလိုက်ပါတယ်။ ရွန်နေးဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းထဲ အမြဲမပါဝင်တော့ပေမဲ့ ယူရိုပါလိဂ်မှာတော့ အမြဲပွဲထွက်ခွင့် ရနေပါသေးတယ်။ ဒီပွဲမှာ ရွန်နေးခြေစွမ်းပြမှုကြောင့် အီဗရာဟီမိုဗစ်ခ်ျ ဂိုးတွေ ပိုသွင်းနိုင်ခဲ့ပါတယ်။

၂။ မာရှယ်ပြန်လာပြီ

ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြပြီး ဒီရာသီမှာ ဂိုးမသွင်းနိုင်ဖြစ်နေလို့ မာရှယ်ဟာ ဖိအားများနေရတာပါ။ အခုတော့ ဒီပွဲမှာ

နှစ်ဂိုးသွင်းပြီး မာရှယ်ရဲ့ ဂိုးတွေပြန်မြင်ရပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း မန်ယူအတွက် ဂိုးသွင်းဖို့ မာရှယ် ယုံကြည်မှု ပိုရှိလာနိုင်မှာ ဖြစ်ပါတယ်။

၃။ အခွင့်အရေးကို အသုံးချနိုင်ခဲ့တဲ့ မက်ခီတာရန်

play

 

မက်ခီတာရန်ဟာ ပွဲထွက်ခွင့် ရှားရှားပါးပါး ရခဲ့ပေမဲ့ အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး အသင်းဖော်တွေအတွက် ဂိုးနှစ်ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။ သူ့ကို စိတ်ရှည်လက်ရှည်စောင့်နေတဲ့ မော်ရင်ဟိုအတွက် ရလဒ်ဖြစ်ပါတယ်။

၎။ ပေယက်နှင့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်အသင်းရဲ့ ဒီရာသီမှာ ရုန်းကန်ရတဲ့ အသင်းဖြစ်နေပါတယ်။ ရာသီအကုန် အခြေအနေသိပ်မကောင်းရင်တော့ ပေယက်ကို စွန့်လွှတ်ရဖွယ်ရှိပါတယ်။ မန်ယူဘက်ကို ဝက်စ်ဟမ်းရခဲ့တဲ့ ချေပဂိုးဟာ ပေယက်ရဲ့ကန်ချက်ကြောင့် ရခဲ့တာပါ။

၅။ စောင့်ကြည့်ရမယ့် အက်ရှ်လေ

play

 

အက်ရှ်လေဖလက်ချာဟာ မန်ယူအသင်းကစားသမားဟောင်းဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးသူဖြစ်ပြီး အခု ဝက်စ်ဟမ်းအတွက် အဓိက တိုက်စစ်မှူး ဆာခိုနဲ့ အန်ဒီကာရိုးမရှိချိန်မှာ အစားဖြည့်နိုင်သူ ဖြစ်ခဲ့ပါတယ်။

Source : Mirror

မန်ယူအသင်း လိဂ်ဖလား ချန်ပီယံ ဖြစ်မည်ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ