EPL: ရှုံးပွဲအတွက် အာဆင်နယ် ကစားသမားတွေကို အပြစ်တင်လိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်က လိဂ်ဖလားကွာတားဖိုင်နယ်မှာ ရှုံးခဲ့တာပါ။

Arsenal vs Southampton 0-2
play

 

အာဆင်နယ်အသင်းကစားသမားတွေ အားနည်းပျော့ညံ့တဲ့အတွက် ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ လိဂ်ဖလား ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းအတွက်  ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးကြိမ်အဖြစ် လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းက အာဆင်နယ်အသင်းကို ပထမပိုင်းမှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

" ကျွန်တော် အတော်လေး စိတ်ပျက်မိပါတယ်။ ခံစစ်ကစားပုံ မကောင်းမွန်ခဲ့ဘဲ ပထမပိုင်းမှာတင် မပေးသင့်တဲ့ ဂိုးမျိုးတွေ ကျွန်တော်တို့ ပေးခဲ့ရတယ်။ အသင်းကစားပုံရဲ့ အချို့နေရာတွေဟာ အားနည်းနေခဲ့တာ ထင်ရှားပါတယ်။ အဲဒီအတွက် ပေးဆပ်ခဲ့ရတာ။ ပရီးမီးယားလိဂ် ကစားနေတဲ့  အသင်းတစ်သင်းကို နှစ်ဂိုးအကျောပေးလိုက်ရင်တော့ ပြန်ကစားဖို့ ခက်ခဲသွားပါပြီ" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ လိဂ်ဖလားပွဲစဉ်မှာ လေယာဉ်ပျက်ကျခဲ့တဲ့ ရှာပီကွမ်းစ်အသင်းအတွက်လည်း ဆုတောင်းငြိမ်သက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါသေးတယ်။

play

 

အာဆင်နယ်အသင်းအိမ်ကွင်းမှာ ပွဲ ၂၀ ကျော် လာရောက်ကစားရာမှာ တစ်ကြိမ်သာ အနိုင်ရထားတဲ့ ဆောက်သမ်တန်အသင်းက အစဉ်အလာကို ချေဖျက်ပြီး ဒီတစ်ခါတော့ နိုင်ပွဲယူသွားတာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ