EPL: မော်ရင်ဟိုဘက်က ထောက်ခံအားပေးလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းက မော်ရင်ဟိုရဲ့ ပရိသတ်ဖြစ်နေပါတယ်။

play

 

မန်ယူအသင်း ဘောလုံးသမားဟောင်း ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက လက်ရှိမန်ယူအသင်းနည်းပြမော်ရင်ဟို ရလဒ်ဆိုးနေတဲ့အပေါ် မဝေဖန်ဘဲ ထောက်ခံပြောကြားလိုက်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ့ ၁၁ အမှတ်ကွာဟနေတဲ့အတွက် မော်ရင်ဟိုဟာ ဖိအားများနေတဲ့ နည်းပြဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကို ပြီးခဲ့တဲ့ တစ်ပတ်တုန်းက သရေကျခဲ့ပြီးနောက် နှစ်ပေါင်း ၂၆ နှစ်အတွင်း  အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီအစအဖွင့်ရလဒ်တွေအဖြစ် စံချိန်ဆိုး တင်ခဲ့ပါတယ်။ နည်းပြဗန်ဟားလ်နဲ့ မိုယက်စ်တို့တုန်းကထက် ရလဒ်ဆိုးနေတဲ့ မန်ယူအသင်းကြောင့် မော်ရင်ဟို ဖိအားတွေ ရင်ဆိုင်နေရချိန်မှာ ဘက်ခမ်းက ထောက်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

" ကျွန်တော်တို့တုန်းကဆိုလည်း ဆိုးရွားတဲ့ နှစ်အနည်းငယ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ အောင်မြင်တဲ့နှစ်တွေကို ရခဲ့တယ်။ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော်ယုံကြည်ပါတယ်" လို့ ဘက်ခမ်းက ထောက်ခံအားပေးခဲ့တာပါ။ Four Four Two မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဘက်ခမ်းက အထက်ပါအတိုင်း ပြောခဲ့တာပါ။

ဖာဂူဆန်ခေတ်တုန်းကတော့ ကစားသမားတွေအနေနဲ့ ကစားပုံမကောင်းခဲ့ရင် အကြောက်ရဆုံးအရာက အထဲမှာ ဆူပူကြိမ်မောင်းဖို့ စောင့်နေတဲ့ ဖာဂူဆန်ဖြစ်တယ်လို့ ဘက်ခမ်းက ဆိုပါတယ်။

Source : Givemesports

မန်ယူ ချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ