EPL: ဖိနပ်နဲ့ အကန်ခံလိုက်ရလို့ ပါးပေါက်ပြဲသွားပေမဲ့ ဆက်ကစားခဲ့တဲ့ ရွန်နေး

, updated

ဂိုးရှေ့မှာ ဘောလုံးယှဉ်လုတုန်း မျက်နှာကို ဖိနပ်နဲ့ အခြစ်ခံလိုက်ရပါတယ်။

Rooney face kick
play

 

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ မန်ယူအသင်း တိုက်စစ်မှူး ဝိန်းရွန်နေးဟာ မျက်နှာမှာ သွေးထွက်သံယို ဖြစ်သွားတဲ့အထိ အကန်ခံခဲ့ရပေမဲ့လည်း ဆက်ကစားခဲ့ကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ရွန်နေးဟာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ မီဒီယာတွေရဲ့ ချီးကျူးမှု ခံခဲ့ရပေမဲ့ အဲဒီပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် ရွန်နေးဟာ လာမယ့်တစ်ပတ် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ပွဲကစားနေစဉ်အတွင်း ဘောလုံးယှဉ်လုရာမှာ ဝက်စ်ဟမ်းအသင်းကစားသမား ဝင်စတန်ရဲ့ဖိနပ်က ဘားတွေနဲ့ ရွန်နေးရဲ့ မျက်နှာမိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

play

 

ဂိုးရှေ့မှာ ဘောလုံးယှဉ်လုစဉ် ဝင်စတန်ရိဒ်ရဲ့ ကန်ချက်ဟာ ရွန်းနေရဲ့မျက်နှာကို ထိသွားတာကြောင့် ပါးပြင်ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရခဲ့ပေမဲ့ ဆေးကုသမှု အနည်းငယ်ခံယူကာ ရွန်နေးဟာ ဘောလုံးဆက်ကစားခဲ့ပြီး ပွဲပြီးချိန်မှာတော့ အသင်းဆေးအဖွဲ့က ဒဏ်ရာကို ချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ရွန်နေးဒဏ်ရာရသွားတဲ့အချိန်မှာ မန်ယူအသင်းက ဂိုရးဖို့ အခွင့်ရေးကောင်းတစ်ခု ရခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က ပွဲကို ရပ်ပစ်လိုက်တာ တွေ့ရပါတယ်။ ပါးပြင်က ဒဏ်ရာကို ရွန်နေးက သတိမထားမိသေးဘဲ ပွဲရပ်ပစ်လိုက်တဲ့ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒက တက်ခဲ့တာတွေ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ