EPL: ဂင်းနစ်စံချိန် ဝင်သွားတဲ့ အာဆင်နယ်ကစားသမား သီယိုဝဲလ်ကော့

သီယိုဝဲလ်ကော့က ဘောလုံးထိန်းသိမ်းနိုင်တဲ့ စွမ်းရည်မှာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပါ။

play

 

အာဆင်နယ်အသင်းကစားသမား ဝဲလ်ကော့ဟာ အသင်းဖော်တွေနဲ့ ယှဉ်ပြိုင်ပြီးနောက် ဘောလုံးထိန်းသိမ်းတဲ့ စွမ်းရည်မှာ ဂင်းနစ်စံချိန် ဝင်သွားခဲ့ကြောင်း သိရပါတယ်။

play

 

ဘောလုံးထိန်းသိမ်းတဲ့ စွမ်းရည်ကို စမ်းသပ်ရာမှာ ၃၄ မီတာ အမြင့်ရှိတဲ့ ဝန်ချီစက်ပေါ်က ပစ်ချလိုက်တဲ့ ဘောလုံးကို ဝဲလ်ကော့က တည်တည်ငြိမ်ငြိမ်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဝဲလ်ကော့ထက်အရင် တင်ထားခဲ့တဲ့ စံချိန်က ၃၂ မီတာ အမြင့်က ကျလာတဲ့ ဘောလုံးကို ထိန်းသိမ်းတဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဘောလုံးထိန်းသိမ်းတဲ့ စွမ်းရည်ကို စမ်းသပ်ရာမှာ စည်းမျဉ်းက ရိုးရှင်းပါတယ်။

 

၃၄ မီတာအမြင့်ကနေ ကျလာတဲ့ ဘောလုံးကို မြေပြင်ပေါ် မကျခင်အထိ ခြေထောက်နဲ့ ငါးချက်ထိပေးပြီး ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ မွန်ရီရဲလ်၊ ကိုစီရယ်နီနဲ့ ကိုကီလင်းတို့လည်း ဒီစံချိန်ကို တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝဲလ်ကော့လောက် စွမ်းဆောင်ရည် မရခဲ့ပါဘူး။

" ၂၅ မီတာက ကျလာတဲ့ ဘောလုံးကို ထိန်းသိမ်းရတာတော့ လွယ်ပုံရပါတယ်။ ဒါပေမဲ့ ၃၄ မီတာကျတော့ ဘောလုံးသမားတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သီယိုကတော့ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ပါတယ်" လို့ ဂင်းနစ်စံချိန် သတ်မှတ်တဲ့အဖွဲ့က ပက်တယ်လ်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ