EPL: ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ဘောလုံးသမားဘဝ အဆုံးသတ်ရတော့မည့် ပရီးမီးယားလိဂ် ကစားသမား

ယာဉ်တိုက်မှုက ရတဲ့ဒဏ်ရာကြောင့် ပေါင်ခြံရိုးကျိုးသွားခဲ့တာပါ။

play

 

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်း ကစားသမားဟာ ဘောလုံးသမားဘဝကို ရာသက်ပန် ဆုံးရှုံးမယ့် အန္တရာယ် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

 

နောက်ခံကစားသမားဖြစ်တဲ့ ပိတ်ဆွာရေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပေါင်ခြံရိုးကျိုးတဲ့ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါကစားသမားဖြစ်တဲ့ ပိတ်ဆွာရေးယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း အသင်းနည်းပြ အလန်ပါဂျူးက ခြောက်လလောက် အနားယူရမယ်လို့ ပြောကြားခဲ့ပေမဲ့ အခုအခါ ကစားသမား ကိုယ်တိုင်က ဘောလုံးပြန်ကစားဖို့ မသေချာတော့ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်ဘောလုံးပြန်ကစားနိုင်ပါ့မလား ဆိုတာတောင် မသိပါဘူး။ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒဏ်ရာတော်တော်လေးဆိုးတယ် ဆိုပေမဲ့ ကျွန်တော်အတော်ကံကောင်းခဲ့တာပါ။ ပထမဆုံး လကဆိုရင် အစားအသောက်တောင် မစားနိုင်ခဲ့ဘူး" လို့ ပိတ်က ဘီဘီစီသတင်းဌာနကို ပြောခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ