EPL: လီဗာပူးအသင်းတွင် နည်းပြအဖြစ် တာဝန်ယူရန် စတီဗင်ဂျရတ်သဘောတူ

အသင်းရဲ့ အကယ်ဒမီမှာ နည်းပြတစ်ဦး ဖြစ်လာတော့မှာပါ။

play

လီဗာပူးအသင်း ဂန္တဝင်ကစားသမားဟောင်း ဂျရတ်ဟာအခြား အသင်းအချို့မှာ နည်းပြလုပ်နိုင်တဲ့ အခွင့်အရေးတွေကို ပယ်ချပြီး လီဗာပူးအသင်းမှာပဲ အကယ်ဒမီနည်းပြတစ်ယောက်အဖြစ် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

play

 

အသင်းကစားသမားဟောင်း ဂျရတ်ကို အသင်းရဲ့လူငယ်အကယ်ဒမီ နည်းပြတစ်ဦးအဖြစ် တာဝန်ယူဖို့ အသင်းမန်နေဂျာ ဂျာဂန်ကလော့ပ် က အကြံပေးခဲ့တာလို့လည်း သိရပါတယ်။ နည်းပြလောကထဲကို စတင်ဝင်ရောက်တော့မယ့် စတီဗင်ဂျရတ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် အသင်းရဲ့ အနာဂတ်မျိုးဆက်တွေကို မွေးထုတ်ပေးမယ့် အကယ်ဒမီမှာ စတင်အလုပ်လုပ်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ လာမယ့်အနာဂတ်မှာ လီဗာပူးအသင်းရဲ့ မန်နေဂျာအဖြစ် ဂျရတ်ကို မြင်တွေ့ရမယ်လို့ အားလုံးက မျှော်လင့်ထားကြတာဖြစ်ပါတယ်။

play

 

အယ်လ်အေဂလက်စီအသင်းမှာ စာချုပ်ကုန်ဆုံးပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝက အနားယူပြီလို့ ကြေညာခဲ့တဲ့ ဂျရတ်ဟာ  အမ်ကေဒွန်းအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ အခွင့်အရေး ရှိခဲ့ပေမဲ့ အသင်းအကယ်ဒမီမှာသာ ဘောလုံးနည်းပြတစ်ဦးအဖြစ် ရပ်တည်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဂျရတ်က လီဗာပူးအသင်းအတွက် ၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ် ဖလားယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဖြစ်ပြိး ပွဲပေါင်း ၇၁၀ ကို လီဗာပူးအသင်းအတွက် ကစားပေးခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ