EPL: ဘောလုံးမပေးရာကစလို့ အသင်းဖော် ဘောလုံးသမားအချင်းချင်း ရန်ဖြစ်ပြီး အထုတ်ခံရ

အသင်းဖော်အချင်းချင်း ဘောလုံးမပေးလို့ ရန်ဖြစ်ခဲ့ကြတာပါ။

play

 

ယမန်နေ့ညက ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ပရက်စ်တန်အသင်းဖော် ကစားသမားနှစ်ဦးဟာ အချင်းချင်းရန်ဖြစ်ပြီး အနီကတ်အပြခံလိုက်ရပါတယ်။

အခြားပွဲစဉ်က အခြားကစားသမားတွေလို ပြိုင်ဘက်ကစားသမားနဲ့ ရန်ဖြစ်တာ မဟုတ်ဘဲ အသင်းဖော်အချင်းချင်း ရန်ဖြစ်ခဲ့တာကြောင့် ပရက်စတန်အသင်းဟာ ကစားသမား ၉ ဦးနဲ့သာ ပွဲကို အဆုံးသတ်လိုက်ရတာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပရက်စတန်အသင်းက ရှက်ဖီးလ်အသင်းကို ၁-၂ ဂိုးနဲ့ ရှုံနိမ့်သွားခဲ့ပါတယ်။

 

ပြိုင်ဘက် ရှက်ဖီးလ်အသင်းကို ၁-၂ ဂိုးနဲ့ ရှုံးနေချိန်မှာ အသင်းဖော် ကစားသမားအချင်းချင်း ဘောလုံးအပေးအယူ မလုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပရက်စတန်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂျာမိန်းဘက်ဖို့ဒ်နဲ့ ဒွိုက်လေး တို့ဟာ စကားများခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်သာ လိုတော့တဲ့အချိန်မှာ ပရက်စတန်အသင်းက တိုက်စစ်ဆင်လာတဲ့အချိန် ဒွိုက်လေးက အသင်းဖော် ဘက်ဖို့ဒ်ကို ဘောလုံးအပေးအယူ မလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီအတွက် ချေပဂိုးရဖို့ အခွင့်အရေး ဆုံးရှုံးသွားတဲ့အချိန်မှာ ဘောလုံးမပေးခဲ့တဲ့ ဒွိုက်လေးနဲ့ ဘက်ဖို့ဒ်တို့ ရန်ဖြစ်ခဲ့ကြတာပါ။ အဲဒါကြောင့် ကွင်းလယ်ဒိုင်က နှစ်ဦးလုံးကို အနီကတ်ပြ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ