EPL: အဲဗာတန် ၁-၁ မန်ယူပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ဖယ်လိုင်နီအတွက် မျက်နှာပန်းမလှခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။

Everton 1-1 Man Utd
play

 

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အဲဗာတန်နဲ့ မန်ယူအသင်းပွဲစဉ်မှာ အဲဗာတန်ရဲ့ နောက်ကျပင်နယ်တီဂိုးကြောင့် တစ်ဖက်တစ်ဂိုး သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဗာတန်အသင်းကစားသမားဟောင်း ဖယ်လ်လိုင်နီအတွက်တော့ မျက်နှာပန်းလှခဲ့တဲ့ ပွဲစဉ်တစ်ခု မဟုတ်ခဲ့ပါဘူး။

ဒီပွဲအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကံကောင်းသွားတဲ့ ရိုဟို

play

 

မန်ယူအသင်း ကစားသမား ရိုဟိုဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ ကြမ်းတမ်းလှတဲ့ ဖျက်ထုတ်မှုတစ်ခု ကျူးလွန်ခဲ့ပေမဲ့ အနီကတ်ပြစ်ဒဏ်က လွတ်မြောက်ခဲ့ပါတယ်။ ပွဲသုံးသပ်သူ ကာရေဂါကတော့ ဒါဟာ အနီကတ်ပြသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အဲဗာတန်ကစားသမား အီဒရစ်ဆာကို ခြေနှစ်ဖက်စုံဝင်ဖျက်ထုတ်ခဲ့တာဖြစ်ပြီး အခန့်မသင့်ဘူးဆိုရင် သူ့ရဲ့ကစားသမားဘဝ ခြောက်လလောက်တော့ နားသွားနိုင်တဲ့ အခြေအနေပါ။ အခု ရိုဟိုကို အဝါတ်ကတ်သာ ကွင်းလယ်ဒိုင်က ပြခဲ့တာဖြစ်ပါတယ်။

၂။ အဲဗာတန် ခံစစ်

play

 

သရေရဒ်ထွက်ခဲ့ပေမဲ့ မန်ယူအသင်းရဲ့ ကစားပုံဟာ ဒီနေ့ ကောင်းမွန်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ပွဲပြီးခါနီး အမှားတစ်ခုကြောင့်သာ ပေးဆပ်ခဲ့ရတာပါ။ မန်ယူအသင်း အတွက် အီဗရာဟီမိုဗစ်ခ်ျ သွင်းယူခဲ့တဲ့ဂိုးဟာ အဲဗာတန်ခံစစ်အမှားကြောင့်ဖြစ်ပါတယ်။ မလိုအပ်တဲ့ အချိန်မှာ ဂိုးသမားထွက်လာခဲ့သလို အီဗရာဟီမိုဗစ်ခ်ျလို အသက်အရွယ်ရနေတဲ့ ကစားသမားနဲ့ယှဉ်မပြေးနိုင်တဲ့ အဲဗာတန်နောက်တန်းဟာ ပေါ့ဆမိလို့ ဂိုးပေးခဲ့ရတာပါ။

၃။ ငွေအင်အား  သုံးစွဲမှုနဲ့ တိုက်ရိုက်အချိုးမကျသည့် ရလဒ်

play

 

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၂၀၀ နီးပါအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခု ကွင်းအတွင်းရလဒ်က ထင်သလောက် ဖြစ်မလာသေးပါဘူး။ အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာက အသင်းက အမှတ်အတော်လေး ကွာဟနေပါပြီ။

၎။ မျက်နှာပန်းမလှခဲ့တဲ့ ဖယ်လိုင်နီ

play

 

နဂိုကမှ မန်ယူအသင်းမှာ နေရာမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေတဲ့ ဖယ်လိုင်နီဟာ ဒီနေ့ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် ပင်နယ်တီပေးရလောက်တဲ့ အမှားကို ကျူးလွန်ခဲ့ပါတယ်။ အငြင်းပွားဖွယ် ပင်နယ်တီလို့ ဆိုကောင်းဆိုနိုင်ပေမဲ့ ဖယ်လိုင်နီကိုတော့ အသင်းပရိသတ်တွေ ဒေါသထွက်နေကြပြီး လူမှုကွန်ရက်မှာလည်း နောက်ပြောင်ခံနေရပါတယ်။

၅။ ပြိုင်ဘက်ခေါင်းကို ကန်မိခဲ့တဲ့ အီဗရာဟီုမိုဗစ်ခ်ျ

play

 

ကိုးလ်မန်းနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးပမ်းရင်း အီဗရာဟီမိုဗစ်ခ်ျဟာ ကိုးလ်မန်းရဲ့ခေါင်းကို ကန်မိသလို ဖြစ်သွားပါတယ်။ အခြားသူတွေကတော့ ခေါင်းကိုတမင်ကန်တယ် ဝေဖန်ကြပေမဲ့ အီဗရာဟီမိုဗစ်ခ်ျကတော့ ကိုးလ်မန်းကို ရှောင်တိမ်းရင်း ဖြစ်သွားတာလို့ ရှင်းပြထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ