EPL: အဲဗာန်နှင့် မန်ယူပွဲစဉ်မှာ ချယ်လ်ဆီး ဂျာစီဝတ်ပြီး လာအားပေးတဲ့ အမျိုးသမီးကြောင့် ပရိသတ်များ ပဟေဠိဖြစ်နေ

သူမရဲ့အဖြစ်ဟာ လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။

play

 

ယမန်နေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ယူအသင်းပွဲစဉ်ကို ချယ်လ်ဆီးအသင်းအမှတ်တံဆိပ် ရိုက်နှိပ်ထားတဲ့ ကုတ်အင်္ကျီကို ဝတ်ဆင်ပြီး  လာရောက်အားပေးတဲ့ မိန်းကလေး တစ်ယောက်အကြောင်းဟာ လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။

အဲဗာတန်နဲ့ မန်ယူအသင်းပွဲစဉ်ကို ဘာကြောင့် ပြိုင်ဘက်အသင်းရဲ့ ဂျာစီဝတ်ဆင်ပြီး လာရောက်အားပေးသလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေတာပါ။ အခုတော့ သူမက မန်ယူပွဲစဉ်ကို ဘာကြောင့်ချယ်လ်ဆီးဂျာစီဝတ်ဆင်လာသလဲဆိုတာ ပြန်လည်ရှင်းပြလိုက်ပြီဖြစ်ပါတယ်။ မန်ယူအသင်း ပရိသတ်အချို့က ရုပ်သံကတစ်ဆင့် ကြည့်ရှုနေတုန်းမှာ မထင်မှတ်ဘဲ သူမရဲ့ ရုပ်ပုံ ပါလာတာကို သတိပြုမိရာကစလို့ သူမရဲ့အဖြစ်ဟာ နာမည်ကျော်လာတာပါ။

play

 

အမ်မလီရိုဂေါစကီး ဆိုတဲ့အမည်နဲ့ အင်စတာဂရမ်မှာ လူမှုကွန်ရက်သုံးစွဲနေတဲ့ သူမဟာ တကယ်တော့ နယူးယော့ခ်ကနေ လီဗာပူးကို ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ အမ်မလီဟာ ချယ်လ်ဆီးအမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။

 

သူမဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စနေနေ့မှာ ချယ်လ်ဆီးပွဲသွားရောက်ကြည့်ရှုခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မန်ယူပွဲကို လာကြည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမဟာ မန်ယူအသင်းပွဲစဉ်ကို လာကြည့်ဖို့ လက်မှတ်ကို စတာလင်ပေါင် ၁၅ ပေါင်နဲ့ ဈေးနှုန်းသက်သာစွာ ရခဲ့လို့ ရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ လာကြည့်ခဲ့တာလို့ ဆိုပါတယ်။

 

" ကျွန်မက ဘောလုံးကိုချစ်တယ်။ ချယ်လ်ဆီးကိုချစ်တယ်။ အမေရိကန်တစ်ယောက်အနေနဲ့ အင်္ဂလန်မှာနေပြီးဘောလုံးပွဲတွေ ကြည့်ဖို့ ဆိုတာ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကြည့်နိုင်သမျှ ပွဲတွေမှန်သမျှ မလွတ်တမ်းကြည့်တဲ့ သဘောပါ။ ဘယ်သွားသွား ကျွန်မကတော့ ချယ်လ်ဆီးဂျာစီ ဝတ်မှာပါပဲ" လို့  သူမရဲ့ အင်စတာဂရမ်မှာရေးသားထားပါတယ်။

ဒါ့အပြင် တွစ်တာမှာလည်း သူကမ ထပ်မံရေးသားထားပြီး သူမဟာ ဘောလုံးပွဲလက်မှတ်ခပဲ ပိုက်ဆံအကုန်ခံနိုင်ပြီး အခြားအသင်းဂျာစီတွေဝယ်ဖို့တော့ ပိုက်ဆံအကုန်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ