EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ်အပြီး အကောင်းဆုံး ကစားသမား (၁၁) ဦး

ယခုတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ်ပွဲစသ် ၁၄ ပြီးဆုံးသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက မန်စီးတီးကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ပြပြီးနောက်မှာ အမှတ်ပေးဖလားအတွက် အလားအလာအရှိဆုံး အသင်းအဖြစ် အားလုံးကလည်း ယူဆထားလိုက်ကြပြီဖြစ်ပါတယ်။

ဒီတစ်ပတ်ပွဲစဉ်အပြီး အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းထွက်ပေါ်လာပါတယ်။

၁။ ဂျော်ဒန်ပစ်ဖို့ဒ် (ဆန်းဒါးလန်း)

play

 

ဆန်းဒါးလန်းက ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး လက်စတာဘက်က မော်ဂန်ရဲ့အပိုင်ကန်ချက်ကို ကာကွယ်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်း သရေမဟုတ်ဘဲ အနိုင်ရခဲ့တာပါ။

၂။ တွမ်ကင်းမ် (ခရစ္စတယ်ပဲလေ့စ်)

ခရစ္စတယ်ပဲလေ့စ်အသင်းကို ဒီရာသီမှာ ပထမဆုံး ပေးဂိုးမရှိနိုင်ပွဲဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ညာနောက်ခံ ကစားသမားဖြစ်ပါတယ်။

၃။ စတိဗ်ကွတ် (ဘုန်းမောက်)

လီဗာပူးနဲ့ပွဲမှာ ဘုန်းမောက်အသင်းရဲ့ တတိယဂိုးကို သွင်းယူပေးခဲ့သူပါ။ အဲဒါဟာ ချေပဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းမောက်က အနိုင်တော့ မရခဲ့ပါဘူး။

၎။ မြူနီဆာ (စတုတ်စီးတီး)

play

 

ဘန်လေကို အနိုင်ရတဲ့ပွဲမှာ စတုတ်နောက်ခံလူ မြူနီဆာက အသင်းအတွက် ဒုတိယဂိုးသွင်းပေးခဲ့ပါသေးတယ်။

၅။ မွန်ရီရဲလ် (အာဆင်နယ်)

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ခံစစ်ကျစ်လစ်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ ဂိုးရဖို့ ခက်ခဲခဲ့ပြီး အာဆင်နယ်ကသာ ၅-၁ ဂိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။

၆။ အီရစ်ဆင် (စပါး)

စပါးအသင်းက ဆွမ်ဆီးကို ငါးဂိုးပြတ်အနိုင်တဲ့ပွဲစဉ်မှာ အီရစ်ဆင်က ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီရာသီ ဂိုးမသွင်းနိုင်ဖြစ်နေတဲ့ အီရစ်ဆင်ဟာ  နောက်ဆုံးနှစ်ပွဲမှာ ငါးဂိုးသွင်းနိုင်ခဲ့ပါပြီ။

၇။ ဖာဘဂရီဂတ်စ် (ချယ်လ်ဆီး)

play

 

ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ချေပဂိုးကို ဖာဘရီဂတ်စ်ဖန်တီးပေးခဲ့တာပါ။

၈။ ဖရေဆာ (ဘုန်းမောက်)

ဘုန်းမောက်အသင်းအတွက် ခြေစွမ်းဂိုးတွေ သွင်းယူပေးခဲ့သူဖြစ်ပြီး သူ့ကြောင့်သာ လီဗာပူးဟာ ဒီပွဲကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာပါ။

၉။ မက်ဖိလိစ် (ဝက်စဘရွန်း)

ဒီရာသီမှာ ဝက်စ်ဘရွန်းအတွက် အရေးပါတဲ့ ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။ အခု ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဖိလစ်က အရမ်းလှတဲ့ ဂိုးသွင်းပြီး အသင်းအတွက် နိုင်ပွဲယူပေးနိုင်ခဲ့ပါတယ်။

၁၀။ ကော်စတာ (ချယ်လ်ဆီး)

play

 

မန်စီးတီးအိမ်ကွင်းမှာ ချယ်လ်ဆီးအနိုင်ရခဲ့တာ ကော်စတာရဲ့ အဓိကစွမ်းဆောင်မှုကြောင့်ပါ။ တစ်ဂိုးသွင်းပြီး နောက်တစ်ဂိုးအတွက် ပြင်ဆင်အကွက်ချပေးနိုင်ခဲ့ပါတယ်။

၁၁။ ဆန်းချက်ဇ် (အာဆင်နယ်)

အသင်းအတွက် ဟက်ထရစ်သွင်းပေးခဲ့တဲ့ သူ့ကိုတော့ ဒီစာရင်းထဲ မဖြစ်မနေ ထည့်သွင်းရမှာပါ။

Source : The International

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ