EPL: မန်စီးတီးတိုက်စစ်မှူး အဂူရို လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

အဂူရိုရဲ့ ကြမ်းတမ်းတဲ့ ဘောလုံးလုယူမှုအပေါ် နှစ်ဖက်အသင်း ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကြား အချင်းများခဲ့ကြပြီး မန်စီးတီးမှ ဖာနန်ဒင်ဟိုလည်း အထုတ်ခံခဲ့ရပါတယ်။

play


မန်ချက်စတာစီးတီး တိုက်စစ်မှူး အဂူရိုကို ကြမ်းတမ်းတဲ့ ကစားပုံအပြုအမူကြောင့် လေးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ယနေ့ (ဒီဇင်ဘာ ၅ ရက်) မှာ ထုတ်ပြန်ပါတယ်။

မန်စီးတီးနဲ့ ချယ်လ်ဆီး ကစားသမားများရန်ပွဲ


အာဂျင်တီးနားလက်ရွေးစင် မန်စီးတီးတိုက်စစ်မှူး အဂူရိုက ချယ်လ်ဆီးကို သုံးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ (ဒီဇင်ဘာ ၃ ရက်) ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဖက်အသင်း နောက်ခံလူ ဒေးဗစ်လုဇ်ကို ခြေစုံပစ်ဝင်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

play


အဂူရိုရဲ့ ကြမ်းတမ်းတဲ့ ဘောလုံးလုယူမှုအပေါ် နှစ်ဖက်အသင်း ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကြား အချင်းများခဲ့ကြပြီး မန်စီးတီးမှ ဖာနန်ဒင်ဟိုလည်း အထုတ်ခံခဲ့ရပါတယ်။ FA က မန်စီးတီးမှ ဖာနန်ဒင်ဟိုကိုလည်း သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

play


မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်ဖြင့်တွန်းထိုးခဲ့တဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ခံခဲ့ရသေးကြောင်း သိရပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ