EPL: ဖာနန်ဒင်ဟိုကို ပါးရိုက်ခဲ့သည့် ဖာဘရီဂတ်စ် အရေးယူခံရခြင်း မရှိ

ဖာဘရီဂတ်စ်ကို အရေးမယူဘဲ ဖာနန်ဒင်ဟိုနဲ့ အဂူရိုကိုသာ အရေးယူဖို့ အက်ဖ်အေက ဆုံးဖြတ်ခဲ့ပါတယ်။

Fabregas and fernandinho fight
play

 

မန်စီးတီးနဲ့ချယ်လ်ဆီးအသင်းက ရန်ပွဲကြောင့် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပေမဲ့ ဖာဘဂရီဂတ်စ်ပါဝင်လာခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

play

 

ချယ်လ်ဆီးက မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အဂူရိုနဲ့ ဖာနန်ဒင်ဟို အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဂူရိုအဖျက်ကြမ်းခဲ့လို့ နှစ်ဖက်အသင်းကစားသမားတွေ စကားနေချိန်မှာ ရန်ပွဲကို ဖာနန်ဒင်ဟိုနဲ့ ဖာဘရီဂတ်စ်က ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဖာဘရီဂတ်စ်က သူ့ကိုတားဆီးထားတဲ့ ဖာနန်ဒင်ဟိုရဲ့ ပါးကို လက်နဲ့ ရိုက်လိုက်တာ ဖြစ်ကြောင်း ရုပ်သံမြင်ကွင်းထဲမှာ တွေ့ရပါတယ်။

play

 

ပါးရိုက်ခံရလို့ ဒေါသထွက်သွားတဲ့ ဖာနန်ဒင်ဟိုဟာ ဖာဘရီဂတ်စ်ရဲ့ လည်ပင်းကို လက်နဲ့ညှစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြိုးပမ်းတဲ့အချိန်မှာ ကွင်းလယ်ဒိုင်က မြင်သွားခဲ့တာဖြစ်ပါတယ်။ အခု စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ မန်စီးတီးကစားသမား အဂူရိုကို လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ပြီး ဖာနန်ဒင်ဟိုကို သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ရုပ်သံမြင်ကွင်းအရ ဖာနန်ဒင်ဟိုကို ကိုယ်ထိလက်ရောက်အရင်ကျူးလွန်ခဲ့တဲ့ ဖာဘရီဂတ်စ်ကို ပြစ်ဒဏ်မချမှတ်ခဲ့တဲ့အတွက် မန်စီးတီးပရိသတ်တွေလည်း လူမှုကွန်ရက်မှာ ဒေါသပေါက်ကွဲလျက်ရှိပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ