EPL: မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့ပါဝင်သည့် အက်ဖ်အေဖလားပွဲစဉ်များ ထွက်ပေါ်လာ

မန်ယူအသင်းက အသင်းရဲ့ ကစားသမားဟောင်း ကိုင်တွယ်နေတဲ့ အသင်းနဲ့ ပြန်ဆုံတွေ့ရမှာပါ။

play

 

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထွက်ပေါ်လာပြီးနောက် လက်ရှိချန်ပီယံ မန်ယူအသင်းက အသင်းကစားသမားဟောင်း နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်အသင်းကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်း ကစားသမားဟောင်း ယက်စတန်းကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းကို မန်ယူက အက်ဖ်အေဖလား တတိယအဆင့်မှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ မနှစ်က မန်ယူအသင်းနဲ့အတူ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့  ခရစ္စတယ်ပဲ့လေ့စ်အသင်းက ဘော်လ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ် စတဲ့အသင်းတွေက ပရီးမီးယားလိဂ် အသင်းမဟုတ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

play
အက်ဖ်အေဖလား မဲခွဲစဉ်

 

အာဆင်နယ်အသင်းက ပရက်စ်တန်၊ ချယ်လ်ဆီးအသင်းက နော့ကောင်တီ သို့မဟုတ် ပီတာဘရော့ခ်ျ စတဲ့အသင်း အသီးသီးနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ခြောက်ရက်နေ့ကစလို့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကြမှာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ