EPL: မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဖြစ်နိုင်ချေ နည်းရသည့် အကြောင်းရင်း

အချက်အလက်နဲ့ မှတ်တမ်းတွေအရ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်ချေ အတော်နည်းသွားပါပြီ။

play

 

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အတော်နည်းပါးသွားပြီဖြစ်ကြောင်း ခန့်မှန်းချက်တွေဟာ အဲဗာတန်ကို သရေကျပြီးနောက်ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ အဲဗာတန်ကို သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၄ ပွဲအတွင်း ရမှတ် ၂၁ မှတ်သာ ရထားသေးတဲ့ အသင်းဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ၂၇ နှစ်အတွင်း  ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင် ရလဒ်ဆိုးရွားမှုကို ကြုံနေရတာ ဖြစ်ပါတယ်။

play

 

အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ရာသီသိမ်းတဲ့အခါ အဆင့်-၄ အတွင်း  ဝင်တဲ့ အ သင်းတွေဟာ ၁၄ ပွဲကစားပြီးတဲ့အခါ ရမှတ် ၂၁ မှတ်ထက် ပိုရခဲ့တဲ့ အသင်းတွေချည်းဖြစ်ပါတယ်။ ရာသီအစ ၁၄ ပွဲကစားအပြီးမှာ ရမှတ် ၂၁ မှတ်ထက်လျော့နည်းပြီး ရာသီသိမ်းချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တဲ့ အသင်းဆိုလို့ နှစ်သင်းသာရှိပါတယ်။ ၂၀၀၆-၀၇ ဘောလုံးရာသီမှာ လီဗာပူးအသင်းက ၁၄ ပွဲကစားပြီးနောက် ရမှတ် ၂၁ မှတ်ရကာ ရာသီသိမ်းတော့ အဆင့်-၃ ရခဲ့ပါတယ်။

နောက်တစ်ခါ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းက လည်း ၁၄ ပွဲကစားပြီး ၂၁ မှတ်ရကာ ရာသီသိမ်းတော့ အဆင့်-၄ ရခဲ့ပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ရင် ဆယ်နှစ်အတွင်းမှာ နှစ်သင်းသာ ဒီလိုကြိုးစားနိုင်ခဲ့တာကြောင့် မန်ယူအတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခွင့်အရေး နည်းပါးနေပြီလို့ ဆိုနိုင်ပါတယ်။

 

နောက်တစ်ချက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်-၄ ဝင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းတွေရဲ့ ပျမ်းမျှရမှတ်ဟာ ၆၈ မှတ်ဖြစ်ပါတယ်။ အခုမန်ယူအသင်းရမှတ်နဲ့ တွက်မယ်ဆိုရင် ရာသီသိမ်းချိန်မှာ ၆၈ မှတ်ရဖို့ တစ်ပွဲကို နှစ်မှတ်နှုန်းနီးပါး ရအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ လက်ရှိရလဒ်မှာတော့ မန်ယူအသင်းက တစ်ပွဲပျမ်းမျှ ၁.၅ မှတ်သာ ရလျက်ရှိပါတယ်။

ှSource : Manchester Evening

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ