EPL: ကျပ်သိန်း ၁၆၀၀ တန် ဇိမ်ခံကားကို ဘတ်စ်ကားမှတ်တိုင်မှာ ရပ်ထားခဲ့တဲ့ အက်ရှ်လေယန်း

အက်ရှ်လေယန်းက ဒီရာသီမှာ ပရီးမီးယားလိဂ် နှစ်ပွဲသာ ကစားရပါသေးတယ်။

play

 

မန်ယူအသင်း ကစားသမား အက်ရှ်လေယန်းဟာ ယာဉ်စည်းကမ်းချိုးဖောက်ပြီး သူ့ရဲ့ဇိမ်ခံကားကို ဘတ်စ်ကား ရပ်တဲ့မှတ်တိုင်အတွင်းမှာ ရပ်ထားခဲ့ကြောင်း သိရပါတယ်။

play

 

ဒါပေမဲ့ အက်ရှ်လေယန်းဟာ ဘတ်စ်ကားမှတ်တိုင်အနားမှာရှိတဲ့ ငွေထုတ်ကောင်တာမှာ ငွေသားထုတ်နေခဲ့တာဖြစ်လို့ မိနစ်အနည်းငယ်သာ ကြာမြင့်ပြီး သူ့ရဲ့ Range Rover ကားကြီးကိုပြန်လည်မောင်းထွက်သွားခဲ့တာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

play

 

အသက် ၃၁ နှစ်ရှိပြီိဖြစ်တဲ့ အက်ရှ်လေယန်းဟာ ခေါင်းစွပ်အင်္ကျီနဲ့ ဖုံးကွယ်ဝတ်ဆင်ထားပြီး အခြားလူတွေ သတိမထားမိအောင် ရောက်လာခဲ့ပေမဲ့ သူ့ရဲ့ ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းခွဲတန် ဇိမ်ခံကားကြီးက လမ်းမပေါ်မှာ အထင်းသား ဖြစ်နေတာကြောင့် အားလုံးက သတိထားမိခဲ့တာ ဖြစ်ပါတယ်။

play

 

နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲသာ ပွဲထွက်ခွင့် ရသေးပြီး အက်ရှ်လေယန်းတစ်ယောက် မန်ယူအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တာ နိုဝင်ဘာလ ခြောက်ရက်နေ့တုန်းက ဖြစ်ပါတယ်။ ဒီတစ်ပတ် မန်ယူအသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အက်ရှ်လေယန်း ပွဲထွက်လာဖို့ မျှော်လင့်ရပါတယ်။

Source : Mirror

မန်ယူ ချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ