EPL: အာဆင်နယ် ကစားသမား ဆန်းချက်ဇ်ကို ကြားဖြတ်ခေါ်ယူရန် ချယ်လ်ဆီး ကြိုးပမ်းနေ

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ကိစ္စ နှောင့်နှေးလျက် ရှိပါတယ်။

play

 

စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့ အာဆင်နယ်အသင်းကစားသမား ဆန်းချက်ဇ်ကို ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ကော်စတာအတွက် ဂိုးသွင်းဖော်ရရှိစေဖို့အတွက် ဆန်းချက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ကြောင်း ယနေ့ဗြိတိန်သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ဆန်းချက်ဇ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းသုံးသောင်းသာ ရရှိသူ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ ထပ်မံချုပ်ဆိုမယ့် စာချုပ်သစ်မှာ ဆန်းချက်ဇ်နဲ့ အသင်းအကြား လုပ်ခလစာ ညှိနှိုင်းလို့မရတဲ့ ပြဿနာ ရင်ဆိုင်နေတာလို့ ယုံကြည်ရပါတယ်။ အာဆင်နယ်အသင်းဟာ အဓိကကစားသမားဆန်းချက်ဇ်နဲ့ အိုဇေးလ်နှစ်ဦးလုံးကို စာချုပ်သစ် ပြန်လည်ချုပ်ဆိုရမှာ ဖြစ်ပြီး အခုထက်ပိုများတဲ့ လစာနဲ့ ချုပ်ဆိုပေးရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက ဆန်းချက်ဇ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းထွက်မလာခင်မှာ တရုတ်စူပါလိဂ် အသင်းတစ်သင်းကလည်း ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင်လေးသိန်းပေးပြီး ခေါ်ဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းထွက်လာပြန်ပါတယ်။ လက်ရှိမှာလည်း တရုတ်စူပါလိဂ်ဟာ ကမ္ဘာကျော်ဘောလုံးသမားတွေကို တစ်ပတ်လုပ်ခလစာ ပေါင် လေးသိန်းကျော်အထိ ပေးထားတဲ့ လိဂ်ပြိုင်ပွဲ ဖြစ်ပါတယ်။

 

ဒါကြောင့် အာဆင်နယ်အသင်းနဲ့ လစာသဘောတူညီမှု မရဘဲ စာချုပ်ထပ်မတိုးဖြစ်ခဲ့ရင် ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးက ကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာနဲ့ အာဆင်နယ်ကစားသမား ဆန်းချက်ဇ်က ဂိုးသွင်းအများဆုံး ဖြစ်နေပါတယ်။

Source : Mirror

အာဆင်နယ် ယခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မည်ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ