EPL: သမီးလေးကို အရမ်းချစ်လို့ ဘာကိုမှ ဂရုမစိုက်တဲ့ လီဗာပူး တိုက်စစ်မှူး

ဖာမီနိုက မိသားစုကို အရာရာထက်ပိုပြီးဦးစားပေးသူပါ။

ရော်ဘတ်တိုဖာမီနို
play

 

ဒီရာသီမှာ လီဗာပူးအသင်းအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဖာမီနိုဟာ သူ့ရဲ့ ၂ နှစ်အရွယ် သမီးငယ်လေးကို အရမ်းချစ်လွန်းလို့ ဇနီးသည်နဲ့ အင်္ကျီဘောင်းဘီဆင်တူဝတ်ပြီး ပါတီပွဲတစ်ခု ကျင်းပပြုလုပ်ပေးလိုက်ပါတယ်။

play

 

ဖာမီနိုရဲ့ ဖက်ရှင်နဲ့ ဆံပင်ပုံစံဟာ ပြိုင်ဘက်အသင်း ပရိသတ်တွေ ကြားထဲမှာသာမက လီဗာပူးအသင်းပရိသတ်တွေ ကြားထဲမှာပါ လူရယ်စရာ ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သမီးငယ်လေး ဗလန်တီနာအတွက်တော့ ဖာမီနိုက ဘာကိုမှ ဂရုစိုက်သူ မဟုတ်ပါဘူး။ ဖာမီနိုဟာ သမီးငယ်အတွက် ကျင်းပပေးခဲ့တဲ့ ဒစ္စနေးပါတီပွဲမှာ ဇနီးလာရီဆာနဲ့အတူ ဒီဇိုင်းဆင်တူဝတ်ပြီး သမီးငယ် ပျော်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

play

 

" မိသားစုက ကျွန်တော့်အတွက် အရာရာပဲ" လို့ ဖာမီနိုက ပြောဖူးပါတယ်။ ကလေးငယ်အတွက် လုပ်ပေးတဲ့ ပါတီပွဲမှာ ဖာမီနိုတို့ စုံတွဲဟာ အောက်က ဘောင်းဘီအနက်နဲ့ အပေါ်က အင်္ကျီအဖြူကိုဝတ်ဆင်ပြီး လည်ပင်းမှာလည်း ဖဲပြားတပ်ဆင်ခဲ့ပါသေးတယ်။ ကာတွန်းဇာတ်ကောင်ကြိုက်တဲ့ သမီးငယ်လေးအတွက် သူတို့က မစ်ကီမောက်စ်စတိုင် လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့်ဖာမီနိုရဲ့ထူးဆန်းတဲ့ ဆံပင်ပုံစံဟာလည်း သူ့ရဲ့သမီးငယ်လေးဆန္ဒကြောင့် ထားတာ ဖြစ်နိုင်ကြောင်း မီဒီယာတွေက သုံးသပ်ရေးသားထားပါတယ်။

Source : Daily Mail

Roberto Firmino Goal
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ