play

 

မန်ချက်စတာအခြေစိုက် သတင်းစာတစ်စောင်ရဲ့ အဆိုအရ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ မန်ယူအသင်းက ထွက်ခွာဖွယ်ရှိတဲ့ ကစားသမား ခြောက်ဦးအထိ ရှိတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ လက်ရှိရာသီအကုန် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကိုအပြောင်းအလဲတွေ ပြုလုပ်ဦးမယ်လို့ ခန့်မှန်းရပါတယ်။ မန်ယူအသင်းကနေ နောက်လထဲမှာ ထွက်ခွာဖွယ်ရှိတဲ့ ကစားသမား ခြောက်ဦးကို ဘောလုံးလောင်းကစားကုမ္ပဏီတွေက အောက်ပါအတိုင်း လောင်းကြေးဖွင့်ထားပါတယ်။

play

 

ရှဝိန်းစတိုင်ဂါက အသင်းကထွက်ဖို့ ရေပန်းအစားဆုံးဖြစ်ပြီး ၁ လေး ၇ လေး ပေးထားပါတယ်။ အသင်းကနေ အငှားသို့မဟုတ် အမြဲတမ်းစာချုပ်နဲ့ ထွက်ခွာဖွယ်ရှိပါတယ်။

ဒီပေးကတော့ အဲဗာတန်ကို ရောက်ဖွယ်ရှိပြီး သူ့အပြောင်းအရွှေ့အတွက် အလေးပေးမှုဟာ 1/2 ဖြစ်ပါတယ်။ ဒါမီယန်လည်း ထွက်ခွာဖို့ အခြေအနေ အနီးစပ်ဆုံးကစားသမားဖြစ်ပြီး 6/4 နဲ့ အလေးပေးခံထားရပါတယ်။ သူ့ကို အင်တာမီလန်နဲ့ ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။

play

 

အဲဗာတန်နဲ့ပွဲမှာ လူစားဝင်လာပြီး အသင်းကိုပင်နယ်တီပေးရအောင် လုပ်ခဲ့မိတဲ့ ဖယ်လိုင်နီလည်း အသင်းကထွက်ဖို့ 2/1 လောင်းကြေးဖွင့်ခံထားရပါတယ်။ ရှနိုက်ဒါလင်လည်း အသင်းကထွက်ဖို့ ဖယ်လိုင်နီနဲ့ ဆတူ အလေးပေးခံထားရပါတယ်။ ရှနိုက်ဒါလင်ကို ဇန်နဝါရီမှာ အသင်းပြောင်းမပြောင်းဆိုတာ 2/1 ဆနဲ့ လောင်းကြေးဖွင့်ထားတာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video