EPL: နိုဝင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုအားလုံးကို ချယ်လ်ဆီးသိမ်းပိုက်

တစ်လတာ အကောင်းဆုံးဆု သုံးဆုလုံးကို ချယ်လ်ဆီးအသင်းက ရရှိသွားပါတယ်။

play

 

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုတွေအားလုံးကို အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်းသားတွေ သိမ်းကြုံးရရှိသွားကြောင်း သိရပါတယ်။

နိုင်ဘာလထဲမှာ ချယ်လ်ဆီးအသင်းက ရာနှုန်းပြည့် ပရီးမီးယားလိဂ် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက်စပါးအသင်း၊ မစ်ဒယ်ဘရော့နဲ့ အဲဗာတန်တို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ သုံးပွဲအတွင်းမှာ ချယ်လ်ဆီးအသင်းက ရဂိုး ၈ ဂိုးရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး တစ်ဂိုးသာရှိခဲ့တာပါ။ နိုဝင်ဘာလ အကောင်းဆုံး မန်နေဂျာဆုကို ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ပထမဆုံးနှစ်မှာတင် ကွန်တီဟာ တစ်လတာအကောင်းဆုံးနည်းပြဆု ရရှိတာ နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ အသင်းအတွက် တစ်လအတွင်း သုံးပွဲမှာ နှစ်ဂိုးသွင်းတဲ့ပွဲ နှစ်ပွဲရှိခဲ့တဲ့ တိုက်စစ်မှူး ကော်စတာက အကောင်းဆုံး ကစားသမားဆိုကို ချီးမြှင့်ခံခဲ့ရပါတယ်။

play

ဘာစီလိုနာ ကစားသမားဟောင်း ပက်ဒရိုကတော့ တစ်လတာအတွင်း အကောင်းဆုံး သွင်းဂိုးဆုရှင် ဖြစ်ခဲ့တာပါ။ ချယ်လ်ဆီးက စပါးကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပက်ဒရိုရဲ့ သွင်းဂိုးက အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Source : The Sun

Pedro Goal vs Spurs
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ