EPL: မန်ယူတိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ် ဇန်နဝါရီလတွင် ပရီးမီးယားလိဂ် ပြန်လာဖွယ်ရှိ

ဟာနန်ဒက်ဇ်ကို ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းက ခေါ်ဖို့ စိတ်ဝင်စားနေတာပါ။

Javier Hernandez
play

 

မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာဖွယ်ရှိနေကြောင်း သိရပါတယ်။

မန်ယူအသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း ဟာနန်ဒက်ဇ်ဟာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကို အငှားချခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီနောက် ဂျာမနီကလပ် လေဗာကူဆင်အသင်းထံကို အမြဲတမ်းစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့သူပါ။ အခုတိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းနေတဲ့ လီဗာပူးအသင်းက ခေါ်ယူချင်နေတဲ့အပြင် လန်ဒန်မြို့ခံ စပါးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

play

 

လက်ရှိမှာ လီဗာပူးအသင်းက တောင်ပံကစားသမားတစ်ဦး အဓိကရှာဖွေနေတာဖြစ်ပြီး စပါးအသင်းကတော့ နောက်ချန်တိုက်စစ်မှူး၊ သို့မဟုတ် တိုက်စစ်မှူးတစ်ဦးကို ထပ်မံရှာဖွေနေတာပါ။ နှစ်သင်းလုံးရဲ့နည်းပြတွေကတော့ ဟာနန်ဒက်ဇ်ကို ဇန်နဝါရီမှာ ခေါ်ဖို့ တိတ်တဆိတ်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

play

 

ဟာနန်ဒက်ဇ်ကိုခေါ်ယူချင်ရင် ပေါင် ၃၃.၅ သန်းပေးရမယ်လို့ လေဗာကူဆင်အသင်းက စာချုပ်ချုပ်ထားပြီး အဆိုပါ ကစားသမားကို စပိန်ကလပ် ဗလန်စီယာကလည်း ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။ ဗလန်စီယာအသင်းဟာ လက်ရှိမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ လာမယ့် ဇန်နဝါရီသို့မဟုတ် နွေရာသီမှာ စတာရစ်ခ်ျကို လက်လွှတ်ရဖွယ်ရှိတဲ့အတွက် အစားထိုးဖို့ ဟာနန်ဒက်ဇ်ကို လိုချင်နေတာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ